Pages

Monday, August 27, 2012

"ကျေးရွာပိုင်လယ်ယာများမကျူးကျော်ရ"

Photo-Eleven Media Group

Photo-Eleven Media Group

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် မုံရွာခရိုင်အတွင်း လယ်ယာလျော်ကြေးငွေမရရှိဘဲ သိမ်းခံခဲ့ရသော ရွာ ၂၆ ရွာမှ ဒေသခံ ၁၀၀၀ ဝန်းကျင်ခန့်က သြဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၃နာရီခွဲအချိန်တွင် အဆိုပါ စီမံကိန်းဧရိယာအတွင်းရှိ တရုတ်ဝန်ထမ်းများနေထိုင်သော အဆောက်အဦ အနီးတွင် "ကျေးရွာပိုင်လယ်ယာများမကျူးကျော်ရ" စာတမ်းပါဝင်သည့် ဆိုင်းဘုတ် ၈ ခုကို စိုက်ထူခဲ့ကြောင်း သိရှိရသည်။ ယင်းကဲ့သို့ ပြုလုပ်ခဲ့ရာတွင် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ရာ ညနေ ၄ နာရီခွဲအချိန်တွင် ဒေသခံများက နိုင်ငံတော်သီချင်းသီဆိုပြီး လူစုခွဲခဲ့ကြောင်း သိရှိရသည်။

 Eleven Media Group