Pages

Monday, August 27, 2012

ရခိုင်အရေး သမ္မတ ကို ထောက်ခံတဲ့လှုပ်ရှားမှု မန်း အာဏာပိုင်များခွင့်ပြု

 
ရခိုင်အရေးနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ရပ်တည်ချက်အပေါ်
ထောက်ခံတဲ့အနေနဲ့ ဆန္ဒဖော်ထုတ်ပွဲတွေကို မန္တလေးမြို့က
မြို့နယ်အားလုံးနဲ့ အမရပူရမြို့တွေမှာ တရက်တည်း တပြိုင်တည်း ကျင်းပဖို့ အာဏာပိုင်တွေက ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ အမရပူရ နဲ့ မန္တလေး (၅) မြို့နယ်လုံးမှာ အခုလို ဆန္ဒဖော်ထုတ်ခွင့် ပြုလိုက်တာဟာ တမျိုးသားလုံးနဲ့ဆိုင်တဲ့ လှုပ်ရှားမှုအပေါ် မန္တလေးတိုင်း အစိုးရအဖွဲ့ရဲ့ သဘောထားကြီးမှုကြောင့် ဖြစ်နိုင်တယ်လို့ ဆရာတော် ဦးဝီရသူက RFA ကို မိန့်ကြားပါတယ်။
စက်တင်ဘာလ (၁) ရက်နေ့ဖြစ်တဲ့ ၀ါခေါင်လပြည့်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး၊ ဒီလှုပ်ရှားမှုမှာ သံဃာတော်တွေပါ ပါဝင်မယ်လို့ သိရပါတယ်။
ရခိုင်အရေး မန္တလေးမြို့မှာ ဆန္ဒဖော်ထုတ်ပွဲ ဆင်နွှဲဖို့ အခုလ ၂၃ ရက်နေ့က အာဏာပိုင်တွေထံမှာ ခွင့်ပြုချက် တောင်းခံခဲ့တာ
ဖြစ်ပါတယ်။ ဆန္ဒပြပွဲမှာ တီရှပ်အင်္ကျီတွေလည်း ဝေငှဖို့ရှိပြီး၊ အဲဒီတီရှပ် အင်္ကျီမှာ
ရှေ့ဘက်က သမ္မတဦးသိန်းစိန်ရဲ့ ဓါတ်ပုံနဲ့ ၀ဲဘက်ရင်ညွန့်မှာ ရခိုင်
တိုင်းရင်းသား အမှတ်အသား လိုဂိုဖြစ်တဲ့ ရခိုင်ဒင်္ဂါးပုံနဲ့ အောက်ခြေမှာ
နိုင်ငံတော်ကို ကယ်တင်ဖို့ သမ္မတကြီးကို ထောက်ခံပါ ဆိုတဲ့ စာသားပါဝင်ပြီး၊ ကျောဘက်မှာတော့ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနားရဲ့ ရုပ်ပုံကိုကြက်ခြေခတ်ထားတဲ့ပုံ ပါဝင်ကြောင်း သိရပါတယ်။

Kevin Soe(Facebook)