Pages

Tuesday, August 14, 2012

ဒုတိယ သမ္မတသစ် မနက်ဖြန် ကျမ်းကျိန်မည်

ဓာတ်ပုံ- ဧရာဝတီ
 ဧရာဝတီblog

လစ်လပ်သွားသော ဒုတိယ သမ္မတ ရာထူးနေရာအတွက် မနက်ဖြန်မနက် ၁၀ နာရီတွင် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့မှ အမည်စာရင်း တင်သွင်းမည် ဖြစ်ကြောင်း လွှတ်တော်အတွင်း သွားရောက် သတင်း ရယူနေသည့် The Messenger ဂျာနယ် သတင်းသမားတစ်ဦးက သတင်းပေးပို့သည်။

ဒုတိယသမ္မတ အဖြစ်ရွေးချယ်ခံရသူက ပြည်ထောင်စု လွှတ်တော်နာယက ရှေ့မှောက်တွင် တစ်ခါတည်း ကျမ်းသစ္စာ ကျိန်ဆိုသွားမည်ဖြစ်ကြောင်း လွှတ်တော်ရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ဒုတိယသမ္မတ ရာထူးအတွက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းက ရေပန်းစားနေကြောင်းသိရသည်။