Pages

Tuesday, August 21, 2012

၁၉ ရက် သြဂုတ် ၈ ဖားကန့်( မော်မောင်းမှော်) မငြိမ်းချမ်းသောအခြေအနေ



(ကေအိုင်အေ)နဲ့ ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေ လုပ်နေပြီ၊ အောင်မြင်တော့မယ်၊ မကြာခင် မှာ ကချင်ပြည်နယ်ကြီးအေးချမ်း တော့မယ်လို့ဒေသခံပြည်သူတွေ ကော၊ လုပ်ငန်းရှင်တွေကော၊ မြန်မာပြည်အနှံ့ကတိုင်းရင်းသား ပြည်သူတွေပါ ယုံကြည်နေကြတဲ့ အချိန်မှာပဲ (၁၈.၈.၂၀၁၂) ရက် နေ့၊ နေ့လည်ပိုင်းလောက်စပြီး ဖားကန့်မြို့၊ ပတ်ဝန်းကျင်မှာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြန်ပါတယ
်၊ ဖားကန့်မြို့ရဲ့ အနောက်မြောက် ဘက်လောက်မှာရှိတဲ့ (မော်မောင်း မှော်) တစ်ဝိုက်ကို တပ်မတော်က စစ်ကြောင်းတွေရောက်ရှိလာပြီး တဲ့နောက်မှာ တစ်ဘက်တောင်ကုန်း တွေပေါ်မှာရှိနေတဲ့ (ကေအိုင်အေ) တပ်တွေနဲ့ ရင်ဆိုင်ပြီးနေရာယူထား ကြပါတယ်။
နှစ်ဘက်စလုံးကတပ်တွေက (မော်မောင်းမှော်ရွာ)ကရွာသူ၊ ရွာ သားအားလုံးကို ဘေးလွတ်ရာကို အမြန်ဆုံးရှောင်နေကြဖို့ပြောတာ ကြောင့် တချို့မိသားစုတွေက (၁၈) ရက်နေ့ ညနေပိုင်းလောက် ကတည်းက ဘေးလွတ်ရာဖားကန့် မြို့ပေါ်ကိုရှောင်ပြေးလာကြပြီး ခရစ်ယာဥန်ဘုရားရှိခိုးကျောင်းတွေ နဲ့ ဗုဒ်္ဓဘာသာဘုန်းကြီးကျောင်း တွေမှာလာရောက်ခိုလှုံနေကြပါ တယ်။ ဒုက်္ခသည်တွေကို ကားတွေ နဲ့ သယ်ယူရွှေ့ပြောင်းပေးနေတဲ့ (မေတ္တာရှင်လူမှုကူညီရေးအသင်း) က အတွင်းရေးမှူးကိုသန်းဌေးအောင် က (၁၈) ရက်နေ့ ည(၁၀) နာရီ လောက်ကတည်းက စစ်ရှောင်ဒုက္ခ သည် (၅၀) လောက် သဘာဝ ကျောက်လှိုဏ်ဂူ “ဘုန်းကြီးကျောင်း ကိုရောက်လာကြောင်းပြောပြပါ တယ်။
(၁၈) ရက်နေ့ ညဘက်မှာ ပြောင်းရွှေ့မလာတဲ့ သူတွေကလည်း ညဘက်မှာသေနတ်သံ (၄/၅) ချက်လောက်ကြားပြီးတော့ နောက် နေ့မနက်မှာ ဖားကန့်မြို့ထဲကို ကား/ဆိုင်ကယ်တွေနဲ့ ကြုံသလို အပြေးအလွှားဆင်းလာကြလို့ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ မြို့ထဲ မှာ ရှုပ်ယှက်ခတ်သွားပါတယ်။ မေတ္တာရှင်လူမှုကူညီရေးအသင်း ကလည်း မော်မောင်းရွာအထိ သွားပြီး လူတွေကို သွားပြီးခေါ် ပေမယ့် နှစ်ဘက်စလုံးကတော့ အန္တရာယ်မပေးပါဘူး။ ခရစ်ယာန် ဘာသာဝင်တွေက ချာ့ပ်ကျောင်း တွေမှာ သွားပြီးခိုလှုံနေကြသလို၊ ဗုဒ္ဓဘာသာဝင်တွေကလည်း ဘုန်း ကြီးကျောင်းတွေထဲမှာ သွားပြီး စစ်ရှောင်နေကြပါတယ်။
“အလှူရှင်တချို့က ဆန်အိတ် တွေလာလှူလို့ ဒီနေ့မနက်စာတော့ ချက်ပြီး ကျွေးထားပြီးပါပြီ”လို့ သဘာဝကျောက်လှိုဏ်ဂှုကျောင်း မှာ ဖွင့်ထားတဲ့မေတ္တာရှင်လူမှုရေး အသင်းဥက္ကဋ္ဌဦးတင်မာကပြောပါ တယ်။ ဒုက္ခသည်တွေကိုသွားပြီး ခေါ်ဖို့ တာဝန်ယူထားတဲ့ ဒုဥက္ကဋ္ဌ ဦးမင်းအောင်ကတော့ “ကျွန်တော် တို့အဖွဲ့လည်း ကားတွေအသင့် ပြင်ပြီး စောင့်နေပါတယ်၊ မနက် ပိုင်းကတော့ သွားခေါ်တာလူကုန် သလောက်တော့ရှိသွားပြီ၊ အဖွဲ့ ပိုင်ကားတွေအပြင် ကုမ္ပဏီတွေ ထဲကဆိုရင် ဓနတောင်ကုမ္ပဏီက ကားတွေကော လူတွေပါလာကူ တဲ့အတွက် ကားအင်အား လူ အင်အားလုံလောက်ပါတယ်။ အခက်အခဲရှိတဲ့နေရာကို အဆက် အသွယ်ရတာနဲ့ သွားပြီးခေါ်ဖို့ အသင့်ပါပဲ”လို့ပြောပြပါတယ်။
မိုးကလည်း တဖွဲဖွဲရွာနေတဲ့ ခုချိန်မှာ စစ်ရှောင်လာရတဲ့ ဒုက္ခ သည်တွေရဲ့ အခက်အခဲတွေကို ၀ိုင်းပြီးဖြေရှင်းပေးတဲ့ အဖွဲ့တွေရှိ နေလို့တော်ပါသေးတယ်။ (မော်မောင်းမှော်)မှာတော့ တပ် နှင့် ကေအိုင်အေ တပ်ဆိုင်ထား ပါပြီ။ တိုက်ပွဲဖြစ်ချင်ဖြစ်မယ်၊ မဖြစ်ချင်လဲမဖြစ်ပါဘူး၊ ဒါပေမဲ့ တကယ်တမ်းလွတ်ရာရှောင်ပြေး လာရတဲ့ (အပြစ်မဲ့ပြည်သူတွေရဲ့) ဒုက္ခကမသေးလှပါဘူး။ အိုးအိမ် ပစ္စည်းတွေစွန့်ခဲ့ရပြီး ကိုယ်တစ် ပိုင်တစ်နိုင်လေးနဲ့ လာရတာပါ။ ဖားကန့်မြို့နေပြည်သူတွေ ကတော့ ရင်တထိတ်ထိတ်နဲ့ပါ။ ဒါက (၁၉၊ ၈၊ ၁၂) ရက်နေ့ရဲ့ အခြေ အနေပါ။
“ဒီပြည်တွင်း စစ်မီးတွေမြန် မြန်ငြိမ်းပါစေ သမ္မတကြီးကလဲ ငြိမ်းချမ်းရေးမြန်မြန်ရအောင် ဆောင်ရွက်ပေးနိုင်ပါစေလို့ ရင် တထိတ်ထိတ်နဲ့ ဆုတောင်းနေရ တယ်”လို့ ဒေသခံစစ်ဘေးရှောင် ပြည်သူတစ်ဦးရဲ့ အသံကိုကြား လိုက်ရပါတယ်။ (မငြိမ်းချမ်းသေး တဲ့ ဒေသများက ပြည်သူတွေရဲ့ ရင်ဖွင့်စကားကို သမ္မတကြီးသာ ကြားမယ်ဆိုရင်)



NHS(NEWS)
copy from>>http://www.hotnewsweekly.com/archives/9477