Pages

Wednesday, August 8, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေး

တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ ဒေါ်အောင်ဆန်းစုကြည်နှင့်
တွေ့ဆုံ ဆွေးနွေး
ကော့မှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များနှင့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ ညနေ ၅း၀၀ မှ ည ၇း၀၀ နာရီအထိ လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုရာ စည်ပင်ခန်းမမှာ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြပါသည်။ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်တွင်း အဆိုတင်သွင်းမှုများနှင့် ဥပဒေကြမ်း ရေးဆွဲတင်ပြရာတွင် ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ကြမည်ဖြစ်ပြီး ကြိုတင် ညှိနှိုင်း ဆွေးနွေးမှုများကို နှစ်ပတ် တကြိမ် ပြုလုပ်သွားမည်ဟုလည်း ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ကျားဖြူပါတီနှင့် တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ် အယောက် ၆၀ နီးပါး တက်ရောက်ခဲ့သည်ဟု သတင်းရရှိပါသည်။