Pages

Monday, August 13, 2012

ပိတ်ထားတဲ့ ပြည်မြို့သင်္ချိုင်းနားက ရုပ်ရုပ်သဲသဲ အခြေအနေ


ဧရာဝတီblog
ပြည်မြို့က ပိတ်ထားတဲ့ မွတ်စလင်သင်္ချိုင်းမှာ သင်္ဂြိုဟ်မြှုပ်နှံတဲ့ လုပ်ငန်းတွေ လုပ်ဖို့ကြိုးစားနေတယ် တဲ့။ ဒီသတင်းကြောင့် ဒေသခံတွေကြား တင်းမာမှုမှုတချို့ ရှိနေပါတယ်။ပိတ်ပင်ထားတဲ့နေရာမှာ ဒီလို မြုပ်နှံတာကို မကျေမနပ် ဖြစ်နေတဲ့ ဒေသခံတချို့က သင်္ချိုင်းအနီးတ၀ိုက်မှာ သွားရောက် စုဝေးနေကြတာကို တွေ့ရပါတယ်။

ဒီလို တင်းမာတဲ့ အခြေအနေတွေကြောင့် သင်္ချိုင်းအနီး လုံခြုံရေး တင်းကြပ်စွာချထားတာကိုလည်း တွေ့ခဲ့ရပါတယ်။မနေ့က ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရရှိထားတဲ့ ဓာတ်ပုံတွေကို စုစည်း ဖော်ပြလိုက်ပါတယ်။ပြည်မြို့မှာ မွတ်စလင်သင်္ချိုင်း၊ ခရစ်ယာန်သင်္ချိုင်း၊ တရုတ်သင်္ချိုင်းတွေမှာ ဆက်လက် သင်္ဂြိုဟ်ခြင်း မပြုကြဖို့ ပိတ်ပင်ခဲ့ပြီးပါပြီ။ လူမျိုးဘာသာအသီးသီးအတွက် သင်္ချိုင်းမြေနေရာသစ်တွေကိုလည်း သတ်မှတ်ပေးပြီးဖြစ်တယ်လို့ သိရပါတယ်။
ပိတ်ထားတဲ့ သင်္ချိုင်းကို ဘာကြောင့် ဆက်လက် အသုံးပြုနေတာလဲ၊
သင်္ချိုင်းနေရာသစ်ကို ဘာကြောင့် အသုံးမပြုတာလဲ
အာဏာပိုင်တို့က ဘယ်လို အရေးယူ ဆောင်ရွက်မလဲ ဆိုတာတွေကို တိတိကျကျ မသိရသေးပါဘူး။

သိရရင်တော့ ဒီဘလော့မှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။