Pages

Saturday, September 1, 2012

အဝေးရောက်ထားဝယ်သားများ အိမ်ပြန်နိုင်ကြပြီလော


နိုင်ငံတော်သမ္မတရုံးမှယနေ့ထုတ်ပြန်လိုက်သည့် Black List စာရင်းမှပယ်
ဖျက်သည့်သူများစာရင်းတွင်အကြောင်းအမျိုးမျိုးကြောင့်ပြည်ပရောက်နေ
သည့်ထားဝယ်သူ၊ထားဝယ်သား အနည်းငယ်သာပါဝင်သေးကြောင်းတွေ့ရ
သည်။ယခုအထိလေ့လာတွေ့ရှိသမျှတွင်(၄)ဦးသာတွေ့ရပြီးနိုင်ငံရေးအကျဉ်း
သားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှကိုတိတ်နိုင်လည်းတစ်ဦ
အပါအ၀င်ဖြစ်ကြောင်းတွေ့ရသည်။အခြားသုံးဦးမှာလော

င်းလုံးမြို့နယ်မှ
ကိုရန်နိုင်၊ဒေါ်ဇင်ဇင်ခိုင်၊သရက်ချောင်းမြို့နယ်မှဒေါ်မြတ်မြတ်ထွေးတို့ဖြစ်
ကြောင်းတွေ့ရသည်။ယခုစာရင်းကြောင့်အကြောင်းကြောင်းအမျိုးမျိုးဖြင့်
ပြည်ပရောက်နေသူထားဝယ်သူ၊ထားဝယ်သားအများစု(၈၈ မျိုးဆက်များ)မှာ
Black List အဖြစ်ကျန်ရှိနေသေးကြောင်းသိရသည်။အချို့သောအဝေးရောက်
ထားဝယ်သူ၊ထားဝယ်သားများအနေဖြင့်သက်ဆိုင်ရာသံရုံးများနှင့်ဆက်သွယ်ရာတွင်အခက်အခဲများရှိကြောင်းလည်းသိရသည်။

သတင်း - ဖိုးဇော်(ထားဝယ်)