Pages

Wednesday, August 29, 2012

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးလွန်းမောင်လည်းအနားပေးခံရ


အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးများ ဂယက်လှိုင်းက တဆင့်ချင်း ရိုက်ခတ်လာ တယ်လို့ ပြောရ မလို ပါ။ နောက်ထပ် အပြောင်းအလဲ တခုကတော့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင်ကိုလည်း ယနေ့ သြဂုတ်လ ၂၈ ရက်နေ့စွဲနဲ့ သမ္မတ ဦးသိန်းစိန်က ရာထူးက နုတ်ထွက်ခွင့် ပြုလိုက်တာပါ။

နောက်ထပ်လည်း အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ သုံးသပ်ဝေဖန်ပြောဆိုမှုတွေ လုပ်နေတုံး ဆက်တိုက် ဆိုသလို ၀န်ကြီးအပြောင်းအလဲတွေနဲ့ ၀န်ကြီး ရာထူးကနေ နုတ်ထွက် တာတွေ၊ အခုလည်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရာထူးက နုတ်ထွက်ခွင့်တောင်းထားတဲ့ ဦးလွန်းမောင် ကိုလည်း သမ္မတ ဦးသိန်းစိန်က ခွင့်ပြု လိုက်တာပါ။

အမိန့်စာ အပြည့်အစုံကို ဤနေရာတွင်လည်း ကြည့်နိုင်ပါတယ်။