Pages

Wednesday, August 29, 2012

ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်က စက်လှေတစ်စီး ဆင်ပိုက်ကုန်း ကင်းသမားတွေကို ပစ်ခတ်

RFA

 ရခိုင်ပြည်နယ် ရသေ့တောင်မြို့ရဲ့ အနောက်တောင်ဘက် ၁၀ မိုင်လောက် အကွာမှာရှိတဲ့ ဆင်ပိုက်ရွာ အောက်ဘက် ဆင်ပိုက်ကုန်း အနီးမှာ မနေ့ ည ၁၀ နာရီလောက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်က လူ(၇) ဦးလောက်ပါတဲ့ စက်လှေတစ်စီး ဝင်ရောက်လာခဲ့ပြီး ဒေသခံ ကင်းသမားတွေကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာ ကင်းအဖွဲ့ကို ပစ်ခတ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအလံ လွှင့်ထူထားသည့် စက်လှေတစ်စီးကို ဖမ်းဆီးရရှိထားစဉ်။
ဒီပစ်ခတ်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာမျိုး မရှိဘူးလို့လည်း သိရပါတယ်။ ပင်လယ်ပြင်ဘက်ကို ထွက်ပြေး တိမ်းရှောင်သွားတဲ့ အဲဒီ ဘင်္ဂလားဒေ့ရှ် စက်လှေပေါ်က လူ ၃ ဦးကို ဒီကနေ့ မနက်ပိုင်းက စစ်တပ်နဲ့ ဒေသအာဏာပိုင်တွေ ဖမ်းဆီးရမိခဲ့ပြီး ကျန်တဲ့လူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေဆဲလို့ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရသေ့တောင်မြို့နယ် ဆင်ပိုက်ရွာမှာ မနေ့က အခင်းမဖြစ်ပွားမီ ပင်လယ်ပြင်ထဲမှာ မသင်္ကာတဲ့ စက်လှေတစ်စီး တွေ့ကြောင်း ဒေသခံတွေက သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားခဲ့ပေမယ့် အခင်းဖြစ်ပွားခဲ့တဲ့ အချိန်အထိ အာဏာပိုင်တွေဘက်က တစ်စုံတစ်ရာ အလေးထား ဆောင်ရွက်မှု မရှိခဲ့ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

RFA Burmese