Pages

Saturday, August 25, 2012

ရခိုင်အရေး ကုလဝန်ထမ်းကို ထောင် ၆ နှစ်ချ



UNHCRရခိုင်ပဋိပက္ခကြောင့် ဖမ်းထားတဲ့ UNHCR ဝန်ထမ်း တခိျု့ကိုတော့ ပြန်လွှတ်ပေးခဲ့
ဇွန်လဆန်းက ဖြစ်ခဲ့တဲ့ ရခိုင် ပဋိပက္ခမှာ ပါဝင်တယ် ဆိုပြီး ဖမ်းထားတဲ့ အထဲက ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCF) ဝန်ထမ်း မချိုလေးမာကို ထောင်ဒဏ် ၆ နှစ် ချမှတ် လိုက်တယ်လို့ သိရပါတယ်။

သူနဲ့ အတူ တခြားဖမ်းထားတဲ့ ဘူးသီတောင်က မောင်ခင်ရွှေနဲ့ မောင်ခင်ဇော် တို့ကိုလည်း ထောင်ဒဏ် ၃ နှစ် နဲ့ ၂ နှစ် အသီးသီး ချမှတ်လိုက်ပါတယ်။

မောင်တောခရိုင် တရားရုံးကနေ စီရင်ချက် ချမှတ်ခဲ့တာ ဖြစ်ပြီး သူတို့ကို ထောင်ချခဲ့တဲ့ အမှုတွေထဲမှာ ဆူပူအောင် လှုံဆောင်မှုလည်း ပါဝင်တယ်လို့ မောင်တော ဒေသခံတွေက တဆင့် သိရပါတယ်။

မကြာခင် ရက်ပိုင်းတွေကတော့ တခြား ဖမ်းထားတဲ့ ကုလ သမဂ္ဂ နဲ့ နိုင်ငံတကာ NGO ပရဟိတ ၀န်ထမ်း တခိျု့ကို လွှတ်ပေးခဲ့ တာလည်း ရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)