Pages
Tuesday, August 21, 2012
တိုင်စာပို့ခြင်းကြောင့် လယ်နဲ့ ဥယျာဉ်များအား ထပ်မံသိမ်း
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မော်တုန်းရွာမှာ အမြောက်တပ်မှ အဓမ္မ သိမ်းထားသည့် လယ်မြေနဲ့ ဥယျာဉ်ခြံမြေများကို မူလ လယ်သမားများမှ မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့် တင်ပြထားပေမယ့် တပ်ရင်းမှုးမှ အဆိုပါ တင်ပြစာအား ပြန်လည် ရယူပြီး ကျေးရွာသား များအား ယခုကဲ့သို့ တိုင်စာပို့ခြင်းကြောင့် လယ်နဲ့ ဥယျာဉ်များအား ထပ်မံသိမ်း သည်ဟုခေါ်ပြောကာ ထပ်မံသိမ်းယူ ခဲ့ကြောင်း သိပါရတယ်။
အဲဒီနေရာကို ၈၈မျိုးဆက်ကျောင်းသားများ (မြိတ်ခရိုင်)က သွားရောက်ပြီး တောင်သူဦးကြီးများ၊ လယ်သမားများ၏ ဆန္ဒတွေကို    မေးမြန်းစုံစမ်းခဲ့ပါတယ်။  
 ဖော်ပြပါ မော်တုန်း   ကျေးရွာမှာ  လယ်၊ ဥယျာဉ် ဧက (၁၄၀) ကျော်အား အမှတ် (၃၀၆) အမြောက်တပ်ရင်းမှ ၂၀၀၄ ခုနှစ်မှစတင်သိမ်းယူခဲ့ပြီး ၊တစ်နှစ် တစ်ဧကလျှင် ၅၀၀၀၀ ကျပ်ဖြင့် သီးစားပြန်ချခဲ့ကြောင်း  ဒီနှစ် ဇူလှိုင်လ အလယ်တွင် လယ်၊ ဥယျာဉ်များအား သီးစား လုံးဝချပေးမည် မဟုတ်ကြောင်း ခေါ်ယူပြောဆိုခဲ့ပါတယ်။
လယ်သမားများ၊ ဥယျာဉ်ခြံမြေသမားများ၏ ပြဿနာတွေကို ပြေလည်အောင် သက်ဆိုင်ရာဌာနတွေနဲ့ ဆက်သွယ်ပြီး ညှိုနှိုင်းဖြေရှင်းဖို့ ကြိုးစားသွားမည်ဟု ၈၈ မျိုးဆက်ကျောင်းသားများ (မြိတ်ခရီုင်)မှ ပြောကြားခဲ့ပါတယ်။
Myanmar News Now