Pages

Sunday, August 19, 2012

နော်ဝေက မြန်မာဘုန်းတော်ကြီးကျောင်းဖွင့်ပွဲ

နော်ဝေနိုင်ငံ ရှော်ဒယ်မြို့(Stjordal) က ရတနာအောင်မြေ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းဖွင့်ပွဲနှင့် ဝါဆိုအလှူပွဲတခုပါ။





နော်ဝေနိုင်ငံ ရှော်ဒယ်မြို့ (Stlordal) မြို့တွင် သီတင်သုံးနေတော်မူသော ၂၀၀၇ ရွှေဝါရောင် သံဃာလှုပ်ရှား မှုတွင် ဦးစီး ခေါင်းဆောင်မှု တွင်ပါဝင်ခဲ့သော ဆရာတော်ဦးထာဝရ၏ ကျောင်းသစ်ဖွင့်ပွဲနှင့် ဝါဆိုသင်္ကန်း ကပ်လှူပွဲ တို့ကို ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့က ရတနာအောင်မြေ ကျောင်းမှာ ကျင်းပခဲ့ပါတယ်။


ကျောင်းသစ်ဖွင့်ပွဲ အကြိုည သြဂုတ် ၁၇ ရက် ညနေက ရှော်ဒယ်မြို့နဲ့ ထရန်ဟိုင်းမြို့တိုက အမျိုးသမီး ဓမ္မစကြာအဖွဲ့ ဆွီဒင်နိုင်ငံ မြန်မာဗုဒ္ဓဘာသာအသင်းမှ ယောဂီများက စုပေါင်းပြီး ဓမ္မစကြာနှင့် မေတ္တာ ပို့ခြင်းများနဲ့ မြတ်စွာ ဘုရားကို ပူဇော်ခဲ့ကြပါတယ်။





ကျောင်းဆောင်ဖွင့်ပွဲနေ့မှာတော့ နယ်သာလန်၊ ဆွီဒင်နှင့် နော်ဝေနိုင်ငံ ထရန်ဟိုင်း-အော်စလိုမြို့တို့မှ ကြွရောက်လာတဲ့ပင့် သံဃာတော်တွေကို အရုဏ်ဆွမ်းလည်း ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။



နံနက် ၉း၄၅ မိနစ်တွင် ကျောင်းတိုက်အတွင် ပူဇော်ထားရှိသော ဗုဒ္ဓ ရုပ်ပွားတော်ကို သံဃာတော် တို့မှ အနေကဇာတင် ခြင်း ဗုဒ္ဓါဘိသေက မင်္ဂလာအခမ်းနားပြုလုပ်ခြင်းလည်း ကျောင်းဆောင်သစ်ပွဲမှာပါဝင်ပါတယ်။

အခမ်းအနားအပြီးမှာ ဆွီဒင် နိုင်ငံ တြိရတန ကျောင်းမှဆရာတော် ဦးနန္ဒသာရနှင့် နော်ဝေနိုင်ငံ အော်စလိုမြို့မှ ဆရာတော် ဦးဝိသုဒ္ဓတို့ သြဝါဒ စကားများ မြွက်ကြားတော်မူကြပြီး နယ်သာလန်နိုင်ငံ မေတ္တာ ဓမ္မဝိဟာရ ကျောင်း ဆရာတော် ဦးဇ၀နက တရားဒေသနာကို ဟောကြားခဲ့ပါတယ်။


အခုလို မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတခု အခုလို ဖွင့်လှစ်နိုင်လိုက်ခြင်းနဲ့ပတ်သက်ပြီး နော်ဝေနဲ့ အနီး အနား ဒေသခံတွေက နှစ်ပေါင်းများ စွာ တောင့်တ ငတ်လင့် ခဲ့ကြတာကြောင့် အလွန်ကြည်နူးနေကြ ပါတယ်။


မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ဖြစ်ပေါ်လာခြင်းအတွက် မိမိတို့၏ ရင်သွေးငယ်များ အတွက် ယဉ်ကျေး လိမ္မာ သင်တန်းတွေသာမက လူကြီးတွေအတွက်လည်း ဘာသာရေး သင်းတန်းတွေ ကို ပြု လုပ်နိုင်တော့မယ်လို့လည်း သိရပါတယ်။



မြန်မာတို့ရဲ့ ယဉ်ကျေးမှု ထုံထမ်းစဉ်လာများ မပျောက်ကွယ်ရေးအတွက် အဓိကကျသော ဌာနတစ်ခုအဖြစ် မြန်မာ မိသားစု တွေက ကျေနပ်အားရနေကြကြောင်း သိရပါတယ်။




ဧရာဝတီ blog