Pages

Friday, August 3, 2012

ကိုဖြိုးဝေအောင် ယနေ့ ၁၂နာရီခန့် တွင် လွတ်ပြီ

၂၀၁၀ ခုနှစ် ဧပြီလ ၁၅ ရက်နေ့ ညနေ ၃ နာရီ အချိန်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးစောင်းရှိ X2O ရေကစားမဏ္ဍပ် ဗုံးခွဲမှုတွင် ပါဝင်သည်ဟု စွပ်စွဲ၍ သေဒဏ်အမိန့်ချမှတ်ခံရသော ကိုဖြိုးဝေအောင် အား ယနေ့ ၁၂နာရီခန့် တွင် လွတ်ငြိမ်းသာခွင့် ပေးလိုက်ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား ရန်ကုန်မြို့သို့ ယခုအပတ်အတွင်းရောက်ရှိခဲ့စဉ်က ထောင်တွင်း ဆေးရုံတွင် ကိုဖြိုးဝေအောင်ကို သွားရောက်တွေ့ဆုံခဲ့သည်။

Zaw Lwin Win (Facebook)