Pages

Friday, August 31, 2012

ထင်ရှားတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၃ ဦး ဒီကနေ့ ရန်ကုန်မြို့ကို လေကြောင်းခရီးနဲ့ ရောက်ရှိ

ပြည်ပရောက် ထင်ရှားတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၃ ဦး ဒီကနေ့ ရန်ကုန်မြို့ကို လေကြောင်းခရီးနဲ့ ရောက်ရှိသွားပါတယ်။

သူတို့ကတော့ ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်း၊ ကိုညိုအုန်းမြင့် (NLD-LA) တို့ ဖြစ်ပါတယ်။



ရန်ကုန်လေဆိပ်မှာ တွေ့ရတဲ့ ကိုညိုအုန်းမြင့်၊ ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်း (ဓာတ်ပုံများ - ဦးလှမောင်ရွှေ Facebook)

သတင်းထောက်တွေ ၀ိုင်းနေတဲ့ ကိုညိုအုန်းမြင့်၊ ဒေါက်တာသောင်းထွန်း၊ ဒေါက်တာနိုင်အောင်

သူတို့ကို ကြိုဆိုသူများထဲမှာ လူရွှင်တော်ကြီးဇာဂနာကိုလည်း တွေ့ရပါတယ်။

(လေဆိပ်ရောက်သတင်းထောက်များကို လူရွှင်တော်ဇာဂနာ ပြောဆိုတဲ့စကားဟာ ကြမ်းတမ်းလွန်းတယ်လို့ သတင်းသမားတချို့က Facebook မှာ ရေးနေကြပါတယ်)


ခရီးစဉ်အတွင်း အစိုးရပိုင်းနဲ့လည်း တွေ့မယ်၊ တခြား နိုင်ငံရေးအင်အားစုများနဲ့လည်း တွေ့မယ်လို့ သိရပါတယ်။