Pages

Monday, August 13, 2012

သာပေါင်းမြို့နယ် ရေဘေးဒုက္ခရောက်



ဧရာဝတီတိုင်း သာပေါင်းမြို့နယ်တွင် မြို့ပေါ်(၃)ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု ၇၀ခန့်ရှိရာ ကျေးရွာ(၆၆)အုပ်စုမှာ ရေဘေးဒုက္ခနှင့် ရင်ဆိုင်နေကြရပါသည်။ ခန့်မှန်းခြေ အိမ်ခြေ(၁)သိန်းဝန်းကျင်ခန့် ရေလွှမ်းမိုးခြင်း ခံနေကြရပါသည်။ လောလောဆယ်တွင် မည်သည့်ကယ်ဆယ်ရေးမှ မရှိဘဲ ဘုန်းကြီးကျောင်းနှင့် အားကစားရုံများတွင်သာ မိမိအစီအစဉ်နှင့် မိမိအဆင်ပြေသလို နေထိုင်နေကြရပါသည်။ သောက်ရေသန့်၊ ဆေးဝါးနှင့် အစားအစာများ အထူးလိုအပ်နေကြောင်း သိရှိရပါသည်။