Pages

Friday, August 24, 2012

သာပေါင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းမှဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို စွပ်စွဲပြစ်တင်မှုကိုမေးမြန်း

သာပေါင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းမှ ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အရေးကြီးအဆိုအဖြစ် လွှတ်တော်ကိုယ်စားလှယ် ၃၀၁ ဦးမှ စုပေါင်းလက်မှတ်ရေးထိုးကာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို စွပ်စွဲပြစ်တင်မှု ပြုလုပ်နိုင်ရန် ညွှန်ပြချက်နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဌ အနေဖြင့် မည်ကဲ့သို့ သဘောထားကြောင်း ရှင်းလင်းသွာ ပြန်လည် ဖြေကြားပေးရန် အဆိုကို သြဂုတ် ၂၄ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

အဆိုပါမေးမြန်းမှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဌက လွှတ်တော်အပေါ်တွင် လွှမ်းမိုးသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်မျှ မရှိကြောင်း၊ လွှတ်တော် ဂုဏ်သိက္ခာရှိရှိ ဆောင်ရွက်နိုင်ရန် မိမိအနေဖြင့် ကျိုးပမ်းလျက်ရှိကြောင်း၊ စွပ်စွဲပြစ်တင်မှုကို အမျိုးသား လွှတ်တော်မှ စတင်ဆောင်ရွက်မည် ဆိုသည်ကို သိရှိထားပြီး မိမိတို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် သီးခံစောင့်ဆိုင်းရန် မေတ္တာရပ်ခံကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။