Pages

Wednesday, August 8, 2012

ရှစ်လေးလုံး ငွေရတုအကြိုအခမ်းအနားကို ရန်ကုန်မြို့

ဓာတ်ပုံ- ဥက္ကာကိုကို
ရှစ်လေးလုံး ငွေရတုအကြိုအခမ်းအနားကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပရာ ၈၈မျိုးဆက် ကျောင်းသား ရဲဘော်ရဲဘက်များ၊ နိုင်ငံရေးပါတီဝင်များ ၊ ၊ ကဗျာဆရာစာရေးဆရာများ၊ GW အဖွဲ့ဝင်လူငယ်များ စုစုပေါင်း အင်အားတစ်ထောင်ကျော်တက်ရောက်လာကြသည်။
အခမ်းအနားကို သြဂုတ်လ ၈ ရက် နံနက် ၉ နာရီခွဲတွင် စတင်ခဲ့ပြီး ပင့်ဆောင်ထားသော သံဃာတော်များအား ဆွမ်းကပ်ခဲ့ကြသည်။
ထို့နောက် ၈၈ ဒီမိုကရေစီအရေးတော်ပုံ ၂၄ နှစ်မြောက်နှစ်ပတ်လည် သဘောထားကြေငြာချက်၊ ၈၈ အလုပ်သမားများ၏ကြေငြာချက်၊ လူ့ဘောင်သစ်
ဒီမိုကရက်တစ်ပါတီ(ပြည်တွင်း
)၏ ကြေငြာချက်တို့ကို ဖတ်ကြားကြသည်။ အခမ်းအနားကို ယခု ၁၁ နာရီ ၁၀ မိနစ်အထိ ကျင်းပနေဆဲဖြစ်သည်။၏

ဓာတ်ပုံ- ဥက္ကာကိုကို