Pages

Sunday, August 26, 2012

ရခိုင် အမျိုးသမီး ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ပြည်တော်ပြန်မည်

ဒေါ်စောမြရာဇာလင်းကို ၂၀၀၈ ခုနှစ်က ၄င်း၏ မိခင် ကွယ်လွန်စဉ်က တွေ့ရပုံ၊ ဓာတ်ပုံ- နေရဇ္ဇရာ သတင်းဌာန

ရခိုင်အမျိုးသမီး ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းဟာ နှစ်ပေါင်း ၂၄ နှစ်ကြာ မြန်မာပြည်မြေနဲ့ ကင်းကွာနေခဲ့ရာက အခုတော့ မကြာခင်မှာ ပြန်တော်ပြန်တော့မယ်လို့ ဖလောင်းချိပ်ရုံး ဘင်္ဂလားဒေခ်ျ ဌာနခွဲ ရခိုင် အမျိုးသမီးများ အစည်းအရုံး ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း ထုတ်ပြန်ချက် အပြည်အစုံကတော့....

ဆရာမစောမြရာဇာလင်း၏ ပြည်တော်သို့  ပထမ ခြေလှမ်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ခေါင်းဆောင် တစ်ဦးလည်းဖြစ် ရခိုင် အမျိုးသမီးများအစည်းအရုံး ဥက္ကဌ လည်းဖြစ်သူ ဆရာမစောမြရာဇာလင်းသည် ၁၉၈၈ ခုနှစ် မှ ယနေ့ထိ ၂၄ နှစ်တိတိ နိုင်ငံရပ်ခြား၌နေ ပြီး နောက် ဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေးခေါ်ဆောင်မှု အစီအစဉ်ဖြင့် ဇာတိရပ်ထံပြန်မည်ဖြစ်ပါသည်။

ဆရာမသည် ၁၉၈၈ ခု မြန်မာ့ ဒီမိုကရေစီ အရေးအခင်းတွင် ရခိုင်ပြည်၌ခေါင်းဆောင်ခဲ့ပြီး ဘင်္ဂလား ဒေ့ခ်ျ နပ်စပ်၌ခိုလှုံခဲ့ပါသည်။

ဆရာမစောမြရာဇာလင်းနှင့်အဖွဲ့ကို ဗိုလ်မှူးကြီး ထိန်လင်း၊ ဗိုလ်မှူးကြီး အောင်နိုင်ဦးတို့၏ အစီအစဉ်ဖြင့် ကြိုမည်ဖြစ်ပါသည်။

သတင်းအပြည့်အစုံကို ဆရာမနှင့်ဆက်သွယ်ပါ

ဖုန်း ၀၀ ၈၈ ၁၈၃၀၈၇၉၄၇၃
ဖုန်း ၀၀ ၈၈ ၀၁၇၃၂၆၄၉၀၀၇

မနက်ဖန် အတွက် ဒီနေ့ ညနေ သတင်းယူပါ

လေးစားစွာဖြင့်

စောစန္ဒာဌေး၊ ခိုင်မင်းထက်ဝေ
အုပ်ချုပ်ရေးမှူး စောမြရာဇာလင်း( ကိုယ်ရေးအရာရှိ)
ဖလောင်းချိပ်ရုံး ဘင်္ဂလားဒေခ်ျ ဌာနခွဲ
ရခိုင် အမျိုးသမီးများ အစည်းအရုံး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ