Pages

Friday, August 17, 2012

ဂျာနယ်လစ်များ မကြာခဏ ဆန္ဒပြခြင်း၊ စုရုံးခြင်းနှင့် ပတ်သက်၍ Eleven Media Group ၏ သဘောထား



၁။ သတင်းလွတ်လပ်ခွင့် ကော်မတီ၏ တောင်းဆိုချက် ခုနှစ်ချက်ကို ထောက်ခံသော်လည်း ဆန္ဒပြမည့် ကိစ္စရပ်ကို Eleven Media Group အနေဖြင့် မထောက်ခံပါ။

၂။ ဂျာနယ်လစ်များအနေဖြင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကဲ့သို့ ဆန္ဒပြခြင်း၊ စုရုံးခြင်းများကို မကြာခဏ မပြုလုပ်သင့်ကြောင်း ရှုမြင်ပါသည်။

၃။ ဂျာနယ်လစ်များသည် နိုင်ငံရေး လုပ်ကိုင်သူများ မဟုတ်သဖြင့် လတ်တလော အခြေအနေများအပေါ် မူတည်၍ နိုင်ငံရေး အလုပ်နှင့် မီဒီယာအလုပ်ကို ခွဲခြားသိမြင်သင့်ကြောင်း ယူဆပါသည်။

၎။ ဂျာနယ်လစ်များသည် နိုင်ငံရေး သမားများကဲ့သို့ ဆန္ဒပြတောင်းဆိုခြင်းမျိုးကို နိုင်ငံရေး နည်းလမ်းဖြင့် မကြာခဏ မလုပ်ဆောင်သင့်ကြောင်း အကြံပြုအပ်ပါသည်။