Pages

Friday, August 17, 2012

တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်း KAI-TAK တရုတ်ပြည်တောင်ပိုင်း ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်လျှက်ရှိ

သြဂုတ်လ ၁၇ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃၀ နာရီတွင် ရရှိသည့် NRL data များအရ အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း KAI-TAK သည် တရုတ်ပြည် တောင်ပိုင်းကမ်းခြေအား
Guang Dong ပြည်နယ် တောင်ပိုင်း၊ Zhanjiang မြို့နှင့် Leizhou မြို့များ ကြားမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တုံကင်ပင်လယ်ကွေ့မှတစ်ဆင့် ဗီယက်နန်နိုင်ငံ မြောက်ပိုင်းနှင့် တရုတ်ပြည် တောင်ပိုင်း နယ်စပ်အနီးမှ ကုန်းတွင်းသို့ ထပ်မံ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။
တိုင်ဖွန်းမုန်တိုင်း KAI-TAK ၏ အရွယ်အစားမှာ အချင်း ၆၆၅ ကီလိုမီတာ Size (in Diameter): 665 km (360 nm) [Average] ရှိပြီး လာမည့် ၄၈ နာရီအတွင်း ဗီယက်နန်နိုင်ငံ အနောက်မြောက်ပိုင်းနှင့် လာအိုင်ငံ မြောက်ဘက် မြန်မာနိုင်ငံ နယ်စပ်မှ မိုင် ၁၃၀ ခန့်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်မှ အားပျော့ပျက်ပြယ်သွားမည်ဟု ခန့်မှန်းထားပါသည်။
မုန်တိုင်း အကြွင်းအကျန်များသည် ရှမ်းပြည်နယ်မြောက်ပိုင်းမှတစ်ဆင့် မြန်မာနိုင်ငံ အနှံအပြားသို့ သြဂုတ်လ ၁၉ ရက်နေ့မှ စတင်၍ ဝင်ရောက်လာနိုင်ဘွယ်ရှိပါသည်။
 တိုင်ဖွန်းမုန်တိုင်း ဖြတ်ကျော်တိုက်ခတ်မည့် လမ်းကြောင်း(အပေါ်ပုံ)တိုင်ဖွန်းမုန်တိုင်း ဖြတ်ကျော်တိုက်ခတ်စဉ် လေပြင်းတိုက်ခတ်ခံရမှု ဖြစ်နိုင်ခြေပြပုံ(အောက်ပုံ)