Pages

Wednesday, August 29, 2012

MIC Law ပြဌာန်းနိုင်ဖို့


ဒီနေ့တော့ မနက်ပိုင်း ဥပဒေကြမ်းကော်မတီနဲ့ပူးပေါင်းပြီး MIC Law ရေးဆွဲဖို့ အစည်းအဝေးလုပ်ရပါတယ်။
UMFCCI က ဥက္ကဌ ဦးဝင်းအောင် ဦးဆောင်ပြီး စီးပွားရေး လုပ်ငန်းရှင် အချို့လည်း လွှတ်တော်သို့လာရောက်ဆွေးနွေးကြပါတယ်။


မြန်မာနိုင်ငံသားများရင်းနှီးမြှပ်နှံမှုဥပဒေဟာ ကျမတို့နိုင်ငံတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်များအတွက် ဥပဒေကြမ်းရေးဆွဲရတာပါ။ အိမ်နီးချင်းနိုင်ငံများမှာတော့
 (FDI Law နှင့် MIC Law)ဟာသီးသန့် မရှိပဲ တစ်ခုထဲပေါင်းစည်းထားတဲ့ ဥပဒေ ရှိတာပါ။

ကျမတို့ နိုင်ငံမှာတော့ ဒီဥပဒေတွေဟာ ၁၉၉၄ ခုနှစ်မှ စ၍ ပြဌာန်းထားသော်လည်း တကယ်တန်းတော့ မြန်မာနိုင်ငံ သားစီးပွားရေးလုပ်ငန်းရှင်တွေကို မကာကွယ်နိုင်ပါဘူး။ ယခင်အစိုးရ လက်ထက်မှာ ဒီဥပဒေနဲ့ နိုင်ငံသားစီးပွားရေးလုပ်ငန်း တွေလုပ်ပေမဲ့ ယခင်အစိုးရက ဥပဒေကို အချိန်မရွေး ချိုးဖောက်ပါတယ်။



ဒါကြောင့် ဒီနေ့ ဒီအချိန်ခါမှာတော့ ဒီဥပဒေတွေကို  ခိုင်ခိုင်မာမာ ဖြစ်အောင်ရေးဆွဲရာမှာ ပါဝင်ပြီးတော့ ကျမတို့နိုင်ငံ ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ရမှာပါ အစိုးရဘက် က ဥပဒေတွေကို သူကြိုက်တဲ့အချိန်မှာ ထင်သလို မချိုးဖောက်နိုင်အောင်လည်း ကျမတို့စောင့်ကြည့်ရပါမယ်။




ညနေပိုင်း ၅း၀၀ နာရီမှာတော့ တောင်ကိုရီးယား  Korean House fan International solidarity မှ Ms Kang EunJi    နှင့် NLD  လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဖြိုးမင်းသိန်း၊ ဦးဝင်းထိန်၊ဦးအုန်းကြိုင်၊ ဒေါက်တာဦးဇော်မြင့်မောင်တို့နှင့်အတူလွှတ်တော်အတွင်း
 ဆောင်ရွက်မှုများ/လက်ရှိနိုင်ငံရေးအခြေအနေများ ဆွေးနွေးကြသည်။
ဒေါ်စန္ဒာမင်း Facebook စာမျက်နှာမှ ကုးယူ ဖော်ပြသည်.