Pages

Wednesday, August 15, 2012

ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းနှင့် MJA ကိုယ်စားလှယ်များ ဆွေးနွေး



ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း MJA ကိုယ်စားလှယ်များသည် အမြုတေ စာနယ်ဇင်းကောင်စီနှင့် ပတ်သက်၍ သြဂုတ်လ၁၃ရက်နေ့က ဆွေးနွေး ခဲ့ကြ ကြောင်းသိရသည်။

MJA သည် အမြုတေ စာနယ်ဇင်းကောင်စီ ဖွဲ့စည်းခြင်း
ကြေညာချက်တွင် ပါဝင်သော လက်မခံနိုင်သည့် အချက်များကို ပြင်ဆင်

ပြောင်းလဲရန်နှင့် ထိုသို့ ပြင်ဆင်ပြောင်းလဲခြင်းမပြုပါက မြနိမာနိုင်ငံသတင်းစာဆရာအသင်းကို ကိုယ်စားပြုသော ကိုယ်စားလှယ်များပါဝင် တော့မည် မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အမြုတေ စာနယ်ဇင်းကောင်စီ၌ MJA ကိုယ်စားလှယ်များ မပါဝင်တော့သဖြင့် အမြုတေစာနယ်ဇင်းကောင်စီ၏ လုပ်ငန်းများကို ဆိုင်းငံ့ထားပြီး MJA နှင့် ဆွေးနွေး ပြီးပြတ်သည်အထိစောင့်ဆိုင်းမည်ဖြစ် ကြောင်း ၊ အမြုတေစာနယ်ဇင်းကောင်စီ လုပ်ငန်း လည်ပတ်နိုင်ချိန် အထိ စာပေ စိစစ်မှုများ ဆက်ရှိနေဦးမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးက ပြောကြားခဲ့သည်ဟု MJA ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် တွေ့ဆုံရန်အတွက် MJA ကိုယ်စားလှယ်များကို စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနက သြဂုတ်လ ၁၂ ရက်နေ့တွင် အကြောင်းကြားခဲ့သည်ဟု သိရပါသည်။ ထိုကဲ့သို့ တွေ့ဆုံမှုတွင် MJA မှ နာယက ဦးခင်မောင်လေး (ဖိုးသောကြာ)၊ ဥက္ကဌ ဦးစိုးသိမ်း (မောင်ဝံသ)၊ ဒုတိယ ဥက္ကဌ-၁ ဦးကိုကို၊ ဒုတိယ ဥက္ကဌ-၂ ဦးသီဟစော၊ နိုင်ငံခြားဆက်ဆံရေးမှူး ဦးအောင်လှထွန်း စုစုပေါင်း ၅ဦး တက်ရောက်ခဲ့ပါသည်။ MJA သည် မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီးနောက် ပြန်ကြားရေးဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ပေါ်ပေါက်လာခဲ့သော အသင်းတစ်သင်း ဖြစ်ပါသည်။ အဆိုပါ အသင်းအတွက် နိုင်ငံလုံးဆိုင်ရာ ပထမဆုံး ညီလာခံကို သြဂုတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များကို ရွေးချယ်ခဲ့ပါသည်။
Eleven Media Group