Pages

Wednesday, August 1, 2012

မနက်ဖန်မှာ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Quintana နဲ့ တွေ့ဆုံမည်

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ ကျင်းပတဲ့ NLD ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကို ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အမှာစကား ပြောကြား ပါတယ်။

နေပြည်တော်ကနေ ဒီကနေ့ မနက် ထွက်ခွာလာတဲ့ ဒေါ်အောင်ဆန်းစုကြည်
ဟာ ရန်ကုန် ရွှေဂုံတိုင် လမ်း အဖွဲ့ချုပ်ရုံးက အစည်းအဝေးကို ညနေပိုင်းမှာ တက်ရောက်ခဲ့ပြီး ပါတီ လုပ်ငန်းစဉ်တွေ၊ ဆောင်ရွက်ချက် တွေကို ဗဟို အလုပ်အမှုဆောင် အဖွဲ့နဲ့ ဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖန်မှာ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Quintana နဲ့ တွေ့ဆုံမယ်လို့လည်း သိရပါတယ်