Pages

Monday, August 27, 2012

ဒီချုပ် ဥက္ကဌ နှင့် UNFPA တို့ တွေ့ဆုံဆွေးနွေးမည် စီမံချက်(၃) ခုအား ၃ နှစ်စီမံကိန်းဖြင့်ဆောင်ရွက်မည်ဟု သိရ


 ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၆ နာရီတွင် UNFPA ကမ္ဘာ့ကုလသမ္မဂ လူဦးရေ ရန်ပုံငွေအဖွဲ့၏ ညွှန်ချုပ်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်း
စုကြည်တို့ သည် နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် အချက်(၃) ချက်ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အချက်များမှာ - UNFPA ၏ ၂၀၁၂ မှ ၂၀၁၅ အထိ ၃ နှစ်ကြာဆောင်ရွက်မည့် စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းတွင်ဆောင်ရွက်မည့် လုပ်ငန်းများ မှာ ကျေးလက်ဒေ သဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျော့ချမှု စီမံချက် ၊ သားဖွားမိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက် မှု တိုးမြှင့်ဆောင်ရွက်ရေးနှင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးစီမံချက်တို့ ဖြစ်ကြောင်း သိရသည်။

ဝေမာသိမ့် - Yangon Media Group