Pages

Monday, August 6, 2012

အိုကီနာဝါကျွန်းကို ကျော်ဖြတ်ပြီး Zhejiang ပြည်နယ်သို့ ဦးတည်နေသည့် တိုင်ဖွန်းမုန်တိုင်း HAIKUI

အရှေ့ဖိလစ်ပိုင်ပင်လယ်မှ ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါ ကျွန်းကို ကျော်ဖြတ်ပြီး တရုတ်ပြည်- အရှေ့တောင်ဘက်ကမ်းခြေ၊ Zhejiang ပြည်နယ်သို့ ဦးတည် ရွေ့လျားလျှက်ရှိပါသည်။ မုန်တိုင်း HAIKUI သည် လာမည့် ၂၄ နာရီအတွင်း Zhejiang ပြည်နယ် ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်ခြင်း မပြုမီ အဆင့်-၁ တိုင်ဖွန်း မုန်တိုင်း အဖြစ်သို့ ရောက်ရှိလာမည်ဖြစ်ပါသည်။
မုန်တိုင်း HAIKUI ၏ အရွယ်အစားမှာ အချင်း ၈၇၀ ကီလိုမီတာ(၄၇၀ နော်တီကယ်မိုင်) ရှိသည့် ကြီးမားသော အရွယ်အစားဖြစ်ပါသည်။ လက်ရှိအချိန်တွင် မုန်တိုင်းဗဟို၌ လေတိုက်နှုန်း တစ်နာရီ ၆၅ မိုင်မှ ၈၀ မိုင် နှုန်းရှိနေပြီး၊ အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း အဆင့်ဖြင့် ကုန်းတွင်းသို့ ဝင်ရောက်သည့်အခါ ပိုမိုအားကောင်းသည့်လေပြင်းများ တိုက်ခတ်ခံရနိုင်ကြောင်း၊ တစ်နာရီ ၇၀ နော်တီကယ်မိုင်နှုန်း(80 mph) အထိ ရှိနိုင်ကြောင်း၊ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Zhejiang ပြည်နယ်၌ ကုန်းတွင်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

 သြဂုတ်လ ၆ ရက် မြန်မာစံတော်ချိန် နံနက် ၀၉၀၀ နာရီတွင် ရရှိသည့် ပြီးခဲ့သော တိုင်ဖွန်းမုန်တိုင်း SAOLA(10W)မှ ကြွင်းကျန်သည့် မုန်တိုင်းတိမ်တိုက်များ မြန်မာနိုင်ငံဘက်သို့ ရောက်ရှိမည့် အခြေအနေပြပုံ(အောက်ပုံ)
 
မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များနှင့် အားကောင်းလျှက်ရှိသည့် မုတ်သုံတို့ကြောင့် မြန်မာနိုင်ငံတွင် လာမည့် ၇၂ နာရီ မိုးရွာသွန်းနိုင်မည့် အခြေအနေ(အောက်ပုံ)
http://blog.mmweather.com/rain-and-floods/

 
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှ ကုန်းတစ်ဝက် ရေတစ်ဝက် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာလည်း ဆက်လက် တည်ရှိနေကြောင်း၊ တောင်-အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ကြောင်း တွေ့ရှိရပါသည်။ (အောက်ပုံ)