Pages

Tuesday, September 18, 2012

ABSDF-မ.ပ တပ်မတော်မှ ကိုအေးမောင်ရှင်ကျဆုံး



ကချင်ပြည်နယ် KIA, တပ်မဟာ(၅) နယ်မြေဖြစ် သော မြစ်ကြီးနား လိုင်ဇာလမ်း လဂျားယန် အနီး Lung Rawk Post သို့ ရိက္ခာလာပို့သော အစိုး ရစစ်တပ် အင်းအား (၈၀) ခန့်နှင့် ကေအိုင်အေ မျိုးချစ်ရဲဘော်များ ယနေ့မနက် (၅း၀၀) နာရီခန့်မှ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
 နေ့လည် (၁၁း၀၀ နာရီနှင့် ၁၂း၀၀နာရီ) ခန့်တွင် တိုက်ပွဲပိုမိုပြင်းထန်ခဲ့ကြောင်း၊ အစိုးရ တပ်များမှ ဟန်းကိုင်တောင်ကုန်းပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ပေးကြောင်း သတင်းရရှိပါ သည်။ အစိုးရစစ်တပ်၏လက်နက်ကြီးကြောင့် မြောက်ပိုင်းကျောင်းသားတပ်မတော်(ABSDF-မ.ပ) မှ
 ကိုအေးမောင်ရှင် ကျဆုံးသွားကြောင်းကိုလည်း သိရှိရပါသည်။
(source-jinghpawkasa)