Pages

Wednesday, September 12, 2012

မုံရွာ အမှတ်(၁) ရဲစခန်းရှေ့ မှ ဆန္ဒပြပွဲ နောက်ဆုံးအခြေအနေ

ဆန္ဒထုတ်ဖော် သူများနှင့် စစ်ကိုင်း ရဲတပ်ရင်း(ဒုတ်ဒိုင်းကိုင်) အဖွဲ့တို့ကို မြစန္ဒာ ရုပ်ရှင်ရုံရှေ့တွင် တွေ့ရသောမြင်ကွင်း။
နိုင်ငံတော် သမ္မတကြီး ကျန်းမာပါစေ ၊တရားဥပဒေ စိုးမိုးပါစေ ဆိုသောဆို သောစာတန်းကိုလည်း ကိုင်ဆောင် ဆန္ဒထုတ်ဖော်နေသော ၀က်မှေးရွာသူ များကိုတွေရစဉ်။
ဆန္ဒထုတ်ဖော်သူများကို ဖမ်းဆီးထိန်းသိမ်းရန် အတွက် ရဲတပ်ရင်းများ အင်အားတိုးချထား လျှက်ရှိပြီး ဘူတာလမ်းမကြီး ပိတ်ထားလိုက်ပြီဖြစ်သည်။ အဆိုပါရဲတပ်ရင်းများကို မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး-ဦးတင်ထွန်း ၊မုံရွာခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စန်း တို့ကအနီးကပ် ညွန်ကြားအုပ်ချုပ် လမ်းညွန် လျှက်ရှိနေကြောင်းကိုလည်းသိရသည်။

မုံရွာခရိုင် အုပ်ချုပ်ရေးမှူးကြီး-ဦးခင်မောင်စန်း ၏ပုံ။


ရဲမေများ ၊ရဲများ ၊ရဲတပ်ဖွဲ့မှငှားထားသောလူမိုက်များ၏ရိုက်နှက်မှု ၊ဆံပင်ဆွဲ ဆောင့် ၊ဆောင့်ကန်မှုတွေကြောင့် အပြင်းအထန်ဒဏ်ရာများရရှိပြီး အိပ်ယာ ထဲမှ မထနိုင်အောင်လဲနေသော ၀က်မှေးကျေးရွာသူ တစ်ဦးအားတွေ့ရစဉ်။
(၁၀-၉-၂၀၁၂)နေ့ ဆန္ဒပြမှုကို ၀င်ရောက်ညှိုနှိုင်းပေးသူ ၈၈ မျိုးဆက်သစ် ကျောင်းသားအဖွဲ့မှ ဦးအောင်ထွန်းဦးကို (၁၁-၉-၂၀၁၂)နေ့ နံနက်(၅)နာရီ ခန့်က SB မှမေးမြန်းစရာရှိ၍ခေါ်ဆောင်သွားခဲ့ရာ ယနေ့ညနေ(၅)နာရီဝန်း ကျင်ကပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ပါသည်။
မြစန္ဒာ(Moon Light)ရုပ်ရှင်ရုံရှေ့တွင် လက်ပန်းတောင်းတောင်ကြေးနီစီမံ ကိန်းလုပ်ပိုင်ခွင့်ရ တရုတ်ကုမ္မဏီ(၀မ်ပေါင်)မှ ပေးထားသော ကားနီတစ်စီး နှင့်ရောက်ရှိနေသော စစ်ကိုင်းရဲတပ်ရင်း ဒုတ်ဒိုင်းအဖွဲ့ကိုတွေ့ရစဉ်။

သတင်း - ဓါတ်ပုံ ThanLarWaddy Times