Pages

Sunday, September 2, 2012

ရခိုင်ဒေသအရေး မန္တလေးမှာ ဆန္ဒပြ

(ဓာတ်ပုံများ - မန်းသားလေး/ဧရာဝတီ)


ဒီမနက် မန္တလေးမြို့ ရဟန်းရှင်လူ ပြည်သူအများအပြား စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ရခိုင်ဒေသပဋိပက္ခနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာ ကင်တားနားရဲ့ ပြောဆိုချက်ကို ကန့်ကွက်ကြောင်း၊ သမ္မတဦးသိန်းစိန်ရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြသူအများအပြားက ဦးသိန်းစိန်ရုပ်ပုံပါ တီရှပ်တွေ ၀တ်ဆင်ထားကြတာကို တွေ့ရပါတယ်။

“သမ္မတကြီးကို ထောက်ခံခြင်းဖြင့် အမိမြန်မာပြည်ကို ကာကွယ်ပါ” ဆိုတဲ့ ဆိုင်းဘုတ်ကိုလည်း ကိုင်ဆောင်ထားကြပါတယ်။







ဧရာဝတီ blog