Pages

Friday, September 28, 2012

သမ္မတကြီးဦးသိန်းစိန်မြန်မာသံရုံးမှာဆွေးနွေးပွဲပြုလုပ် (မှတ်တမ်းဓာတ်ပုံ)

 
စက်တင်ဘာ ၂၇ နယူးယောက် စံတော်ချိန် မွန်းလွဲ ၃ နာရီက မြန်မာသံရုံးမှာ ပြုလုပ်မယ့် ဆွေးနွေးပွဲ တက်ရောက်ဖို့ တည်းခိုရာ ဟိုတယ်ကနေ ထွက်ခွာလာတဲ့ သမ္မတဦးသိန်းစိန်
သံရုံးထဲဝင်လို့ အစည်းအဝေး စပါတယ်။

ပြုံးနေတဲ့ သမ္မတကြီး (စက်တင်ဘာ ၂၇၊ ၂၀၁၂)။
မြန်မာမစ်ရှင်ရုံးထဲမှာ ထင်ရှားကျော်ကြားတဲ့ အမေရိကန် နည်းပညာနဲ့ စီးပွားရေး အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးနေပါတယ်

ဒီတွေ့ဆုံပွဲကို သမ္မတဦးသိန်းစိန်က ဦးဆောင်လို့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ ထိပ်တန်း အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ကြပါတယ်။
စက်တင်ဘာ ၂၇ ညပိုင်းက သမ္မတဦးသိန်းစိန်ကို ပုဂ္ဂိုလ်ရေး တွေ့ဆုံမှုအဖြစ် လာရောက်တွေ့ဆုံသွားခဲ့တဲ့ မြန်မာ့နိုင်ငံရေး အတိုက်အခံတွေကို နှစ်ပေါင်းများစွာ၊ အကူအညီများစွာ၊ ထောက်ပံ့မှုများစွာ ပေးခဲ့တဲ့ ဆိုရော့ဖောင်ဒေးရှင်း ဥက္ကဌ အမေရိကန်သူဌေးကြီး ဂျော့ ဆိုးရော့ကို သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြန်လည် လိုက်ပို့နေတာ ဖြစ်ပါတယ်။

သမ္မတရုံးဝန်ကြီးဦးစိုးသိန်းနဲ့ အမေရိကန်သူဌေးကြီး ဂျော့ ဆိုးရော့

Photo -BBC Burmese