Pages

Monday, September 10, 2012

ဖုန်းငွေဖြည့်ကတ်များကို စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ အွန်လိုင်းမှ တိုက်ရိုက်ဝယ်ယူနိုင်မည်

ဂျီအက်စ်အမ်၊ စီဒီအမ်အေ (၈၀၀) ကမ်းရိုးတန်းဖုန်းများ၏ ကြိုတင်ငွေဖြည့်ကတ်များကို အွန်လိုင်းမှ တိုက်ရိုက်ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း အဆိုပါဝန်ဆောင်မှုကို ပြုလုပ်ပေးသည့် Myanmar Softgate Technology မှ ကိုရန်နောင် စိုး၏ပြောပြချက်အရ သိရသည်။
အဆိုပါ ငွေဖြည့်ကတ်များကို အွန်လိုင်းမှ ၀ယ်ယူအသုံးပြုလိုသူများအနေဖြင့် Myan Pay Account ရှိရမည်ဖြစ်ပြီး မိမိဝယ်ယူလိုက်သည့် ဖုန်းငွေဖြည့်ကတ်၏ ငွေပမာဏကို Myan Pay Account မှ နှုတ်ယူသွားမည်ဖြစ်သည်။
အဆိုပါဝန်ဆောင်မှုကို ပြုလုပ်သည့်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက''ကျွန်တော်က အိုင်တီနည်းပညာကို ၀ါသနာပါတယ်။ ဒါကြောင့် Myanmar Softgate နဲ့ပေါင်းပြီး ဒီဝန်ဆောင်မှုကို လုပ်ဖြစ်တာပါ။ ငွေဖြည့်ကဒ် ၀ယ်ချင်တဲ့သူတွေက www.prepaid.com မှာဝင်ပြီး ၀ယ်လိုက်တာနဲ့ အ၀ယ်ပြမယ်။ ပြီးရင် ကျွန်တော်တို့က ၀ယ်တဲ့သူရဲ့ Email  Account မှာ ငွေဖြည့်ကတ်ရဲ့ လျှို့ဝှက်နံပါတ်ကို ချက်ချင်းပြန်ပို့ပေးမယ်။ ပိုက်ဆံကတော့ MyanPay ကနေ ဖြတ်သွားမှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့ပါသည်။
လက်ရှိပြင်ပတွင် ကျပ်တစ်သောင်းဖြင့် ရောင်းချလျက်ရှိသည့် ငွေဖြည့်ကတ်များကို အွန်လိုင်းတွင် ကိုးထောင့်ကိုးရာကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး အဆိုပါငွေဖြည့်ကတ်များကို စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်၍ အဆိုပါ Website တွင် ၀ယ် ယူနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။