Pages

Tuesday, September 4, 2012

စေတနာဝသန် ဂီတဖျော်ဖြေပွဲအတွင်း ကဗျာရှည် ရွတ်ဖတ်ခြင်း

Burma VJ
  စေတနာဝသန် ဂီတဖျော်ဖြေပွဲအတွင်း ကဗျာဆရာ ၅၀ ကျော်ရဲ့ ကဗျာအပိုဒ်ပေါင်း ၅၀ ကို ကျောင်းသူကျောင်းသား အယောက် ၅၀ မှ ရွတ်ဖတ်ခြင်း အစီအစဉ်ဖြစ်ပါတယ်။ စင်ပေါ်ကို စီတန်းတက်လာတဲ့ ဗ.က.သ များအဖွဲ့ချုပ်နဲ့ ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် အယောက် ၅၀ ဟာ မီးအမှောင်ချထားတဲ့ စင်မြင့်ထက်မှနေ၍ တယောက်ချင်းစီမှ ကဗျာတပိုဒ်ချင်းစီကို ခံစား ရွတ်ဖတ်ခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ခံ တေးဂီတ အနိမ့်အမြင့်ကြားမှ ကဗျာသံစဉ်တွေကို ရွတ်ဖတ်ခဲ့ကြပြီး ဖယောင်းတိုင် မီးအလင်းရောင်ကြားမှာ ပရိသတ်တွေကို အထူး ဆွဲဆောင်မှု ရှိခဲ့တဲ့ ကဏ္ဍတခုလည်း ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် ကဗျာရွတ်ဆိုပြီးသော ကျောင်းသူကျောင်းသားတွေဟာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နောက်မှနေ၍ ဖယောင်းတိုင်မီးများကို ကိုင်ဆောင်ကာ ၂ ယောက် တတန်းစီ တန်းစီ၍ ပရိသတ်ကြား လမ်းလျှောက်ကာ ကဗျာရွတ်ဖတ်ခြင်း အခမ်းအနားကို အဆုံးသတ်ခဲ့ကြပါတယ်။


Burma VJ Media