Pages

Monday, September 3, 2012

ဒုတိယ အကြီးဆုံး ဂီတ ရန်ပုံငွေပွဲ



၈၈ မျိုးဆက် ကျောင်းသားများရဲ့ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အတွက် ရန်ပုံငွေရှာတဲ့ စေတနာ့ဝသန် ဂီတဖျော်ဖြေပွဲ စက်တင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့
မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမမှာ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ အဆိုတော် ၈၀ ကျော်နဲ့ တီးဝိုင်း ၁၅ ဝိုင်းက ဝိုင်းဝန်း ပါဝင်ကူညီ တီးခတ်သီဆို ခဲ့ကြတဲ့
ဒီပွဲမှာ အခန်းနားမှူးအဖြစ် အနုပညာရှင် ကိုအရိုင်းနဲ့ သီးလေးသီး အဖွဲ့သားတွေ ပါဝင်ကူညီ ခဲ့ကြပါတယ်။ ဖျော်ဖြေပွဲအတွင်း ကဗျာဆရာ အယောက် ၅၀ ရေးစပ်ထားတဲ့
ကဗျာ အပိုဒ် ၅၀ ပါ ကဗျာကို ကျောင်းသား အယောက် ၅၀ က ရွတ်ဆို ခဲ့ကြပါတယ်။ ၎င်းပွဲမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင် ၊
ကိုဌေးကြွယ်နဲ့၊ ကိုပြုံးချိုတို့ ပန်းချီ ရေးဆွဲထားတဲ့ ဂစ်တာကို လေလံဆွဲရာ Sky Net ကုမ္မဏီပိုင် ရွှေသံလွင် မိသားစုက မြန်မာကျပ်ငွေ ၅၈၈ သိန်းနဲ့ ဝယ်ယူသွားခဲ့တယ်လို့
သိရပြီး လာရောက် ကြည့်ရှုတဲ့ ပရိတ်သက်တွေကလည်း အလှူငွေတွေ ထည့်ဝင် ခဲ့သေးတာကြောင့် စုစုပေါင်း အလှူငွေ ကျပ် သိန်း တစ်ထောင်ကျော် ရရှိခဲ့တယ်လို့
သိရပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ဒီပွဲကနေ ရရှိတဲ့ ရန်ပုံငွေထဲကမှ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်း စတဲ့နေရာတွေက ဒုက္ခသည်တွေ
အတွက် ငွေကျပ်သိန်း ၁၀၀ စီကို လှူဒါန်းသွားမယ်လို့ သိရပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က အဲဒီ ဒုက္ခသည်တွေ အတွက် ငွေကျပ် သိန်း ၅၀၀ ကို
ဒီရန်ပုံငွေပွဲမှာ လှူဒါန်းခဲ့တယ်လို့ သိရပြီး သမ္မတရုံးဝန်ကြီး များဖြစ်ကြတဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်း တို့ကလည်း အလှူငွေ တစ်ယောက် တစ်သိန်းစီ လှူဒါန်း ခဲ့ကြတယ်လို့
သိရပါတယ်။ ဒီပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့ ခုရက်ပိုင်းမှာပဲ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိလာတဲ့ ပြည်ပရောက် အတိုက်အခံများ
ဖြစ်ကြတဲ့ ဒေါက်တာနိုင်အောင်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမိုးသီးဇွန် တို့လည်း တက်ရောက် လာခဲ့ကြပါတယ်။ ပွဲ နောက်ဆုံးမှာတော့ ကိုမင်းကိုနိုင်
ရေးစပ်ထားတဲ့ ယုံကြည်သောမနက်ဖြန် ဆိုတဲ့ သီချင်းနဲ့ ပွဲကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။