Pages

Thursday, September 13, 2012

အသေးစားနှင့် အလတ်စား ထားဝယ်စီမံကိန်းစက်ရုံများ လာမည့်လ စတင်တည်မည်

ရန်ကုန်၊ စက်တင်ဘာ ၉
 ထားဝယ်စီမံကိန်းတွင် အသေးစားနှင့် အလတ်စားစက်ရုံများကို အောက်တိုဘာလတွင် စတင် အကောင်အထည် ဖော်တော့မည်ဖြစ်ကြောင်း ထားဝယ်စီမံကိန်း အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်ဆွေက ပြောသည်။ အသေးစားနှင့်အလတ်စား စက်ရုံများဖြစ်သည့် ရော်ဘာစက် ရုံ၊ ရေထွက်ပစ္စည်းစက်ရုံ၊ အ ထည်ချုပ်စက်ရုံ၊ စက္ကူစက်ရုံ၊ တီဗီစက်ရုံအပါအဝင် စက်ရုံပေါင်း တစ်ရာခန့် ကို ရေဖြူမြို့နယ်အတွင်းရှိ ပဂေါဇွန်းဆီအုန်းတော ဧရိယာတွင် စတင်တည်ဆောက် မည်ဖြစ်သည်။ ဒေသခံများ၏ အဆိုအရ ပဂေါဇွန်းနှင့်ဧကနီးရွာများ အကြားရှိ စက်မှုဝန်ကြီးဌာနပိုင် ဆီအုန်းခြံလုပ်ကွက်များကို ရှင်းလင်းထားကြောင်း သိရှိရသည်။ ”သေချာလောက်တယ် ထင်တယ်။ ပဂေါဇွန်းဘက်မှာ ဆီအုန်းပင်တွေကို ရှင်းထားတယ်”ဟု ရလိုင်ကျေးရွာမှ ဒေသခံဦးလေးလွင်က ဆိုသည်။ လက်ရှိတည်ဆောက်မည့် စက်ရုံများသည် အသေးစားနှင့် အလတ်စားစက်ရုံများ ဖြစ်သည့်အတွက် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးနိုင် မည်ဟု ယေဘုယျ ပြောနိုင်သော်လည်း လစာနည်းလျှင်မူ အလုပ်သမားပြဿနာများ နှင့် ရင်ဆိုင်ရနိုင်သည်ဟု ထားဝယ်ဒေသခံ အိမ်ခြံမြေအကျိုးဆောင် ဦးစိုးသိန်းက ဆိုသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ် ကိုင်ဖူးသော ထားဝယ်တိုင်းရင်းသား အများစုသည် ထိုင်းနိုင်ငံ၏ အခြေခံလစာကို သိရှိကြပြီး ဖြစ်သည့်အတွက် လုပ်ခတောင်းဆိုမှုသည် အခြားဒေသမှ အလုပ်သမားများထက် လုပ်အားခတောင်းဆိုမှု မြင့်မားပြီး ဒေသတွင်းအခြေခံ နေ့စားလုပ်ခသည် ငါးထောင်ဝန်းကျင်ခန့် ရှိသည်။ ဘဝါကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြန်လည်နေရာချထားရေး စီမံကိန်းတွင် လုပ်ကိုင်နေသော အလုပ်သမားအများစုသည် ထားဝယ်ဒေသခံ များထက် လုပ်အားခ သက်သာသည့် မြန်မာပြည်အထက်ပိုင်းမှ အများစုဖြစ်သည်။ ”မြန်မာပြည်အပေါ်ပိုင်းက လူတွေကို ခေါ်လာရင်တော့ မပြောတတ်ဘူး”ဟု ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ပတ်သက်ပြီး ဦးစိုးသိန်းက မှတ်ချက်ပြုသည်။ စက်ရုံများ အကောင်အ ထည်ဖော်ရန် ထားဝယ်ဖွံ့ဖြိုးရေး ကုမ္ပဏီ (DDC)နှင့် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့တို့ ဆွေး နွေးနေကြပြီဖြစ်ကြောင်း ဦးတင် မောင်ဆွေက ဆိုသည်။ DDC တွင် ထားဝယ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်စဉ်က အီတာလျံ-ထိုင်း ဆောက်လုပ်ရေး ကုမ္ပဏီနှင့် Max Myanmar ကုမ္ပဏီတို့ ပါဝင်ခဲ့ပြီး အစု ရှယ်ယာ ၂၅ ရာခိုင်နှုန်းပါသည့် Max Myanmar မြန်မာကုမ္ပဏီသည် ဇွန်လကုန်တွင် စတင်နုတ်ထွက်ခဲ့သည်။ ထားဝယ်စီမံကိန်းတွင် ဇုန် ငါးခုပါဝင်ပြီး ဇုန်(အေ)တွင် ရေ နက်ဆိပ်ကမ်း၊ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ၊ စတီးလ်စက် ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ ဇုန်(ဘီ) တွင် ရေ နံသန့်စင်စက်ရုံ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့သိုလှောင်ရုံ၊ ရေနံခွဲထုတ်စက်ရုံများ၊ ဇုန်(စီ) ရော်ဘာစက်ရုံ၊ ဇုန်(ဒီ)ကားတာ ယာစက်ရုံ၊ အထပ်သား စက်ရုံ၊ စက္ကူစက်ရုံ၊ ဇုန် (အီး) အထည်ချုပ်စက်ရုံ၊ စားသောက်ကုန်စက်ရုံ၊ မော်တော်ကားတပ်ဆင်ရုံ၊ အီလက် ထရွန်းနစ်စက်ရုံ စသည်တို့ ပါဝင်သည်။
 Dawei Watch Share