Pages

Saturday, September 8, 2012

တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ တွေ့ဆုံပွဲ


ဆွေးနွေးပွဲတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရ ဦးအောင်ကို
ဓါတ်ပုံ - ဂျေပိုင်
/ဧရာဝတီ
တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီမှ ဥပဒေပညာရှင်များတွေ့ဆုံပွဲကို ယနေ့ စက်တင်ဘာ ၈ ရက် နေ့လယ် ၁ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ဥပဒေ ပညာရှင်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။


ဒီမိုကရေစီတိုက်ပွဲဝင်ရင်း လမ်းခုလတ်မှာ ကျလည်းကျဆုံးသွားနိုင်တယ်။ ဒါပေမယ့် ကျန်တဲ့လူတွေက ဆက်လက်တိုက်ဖို့လိုတယ်။ ပြောမယ်ဆိုရင်တော့ ဒီမိုကရေစီ ကျွန်တော်တို့နိုင်ငံမှာ ဆက်လက်မရှင်သန်ဘူး မကျင့်သုံးဘူးဆိုရင် ကျွန်တော်တို့နိုင်ငံဟာ နိမ့်ကျနောက်ကျနေမှာပဲ။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်လာတာ ရေငတ်တုန်းရေတွင်းထဲကျသလိုပါပဲ။ တာဝန်ရှိသူတွေလဲ ဘာကို ကြောက်နေကြတာလဲတော့ မသိဘူး၊ တရားဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိဘူး၊ ရဲရဲဝင့်ဝင့်ပြောကြ၊ လုပ်ကြလေ"

သူရဦးရွှေမန်း(ပြည်သူ့လွှတ်တော်ဥ
က္ကဌ


ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးရေး အကြောင်း ပြောနေစဉ်
"ကျွန်မရဲ့အမြင် တရားဥပဒေစိုးမိုးရေးရှိတဲ့ လူ့အဖွဲ့အစည်းမှာ လူတိုင်း လူတိုင်းဟာ မိမိတို့ရဲ့ လုံခြုံရေးနဲ့ လွတ်လပ်ရေးကို တရားဥပဒေက ကာကွယ်ပေးမယ်ဆိုတဲ့ ယုံကြည်ချက် ရှိဖို့လိုပါတယ်။ ဒီလိုပဲ နိုင်ငံသူ နိုင်ငံသားအားလုံးဟာ ငါတို့ရဲ့ လွတ်လပ်ပိုင်ခွင့်တွေနဲ့ ငါတို့ရဲ့ လုံခြုံမှုကို ဥပဒေတွေက ကာကွယ်ပေးနိုင်တယ် ပေးလည်းပေး မယ်။ ပေးနိုင်တဲ့အခြေအနေမှာရှိတယ် လို့ ယုံကြည်မှုရှိပြီ ဆိုရင်တော့ ဒီလူ့အဖွဲ့အစည်းမှာ တရားဥပဒေစိုးမိုးရေးရှိပြီလို့ ကျွန်မတို့ ပြောလို့ရ ပါတယ်"" ဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမတွင်ယနေ့ပြုလုပ်နေသော ဥပဒေပညာရှင်ကြီး များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။
ဓာတ်ပုံ- ဥက္ကာကိုကို





တက်ရောက်လာသူများနှင့် ဆွေးနွေးပွဲ မြင်ကွင်း

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်
တရားသူကြီးဟောင်းများ၊ ဥပဒေပညာရှင်များတွေ့ဆုံပွဲ လက်ဖက်ရည်သောက်ချိန် ၁၅ မိနစ်ရပ်နားစဉ်။

ဓာတ်ပုံ- ဥက္ကာကိုကို