Pages
Tuesday, September 11, 2012
ဖမ်းဆီးထိန်းသိမ်းထားသူတွေ ပြန်လွှတ်ပေးဖို့အတွက် မုံရွာမြို့ပေါ်က ဒေသခံတွေ၊ ပွင့်လင်းလူ့အဖွဲ့အစည်းက လှုပ်ရှားနေသူတွေနဲ့ မုံရွာခရိုင် ဗကသကျောင်းသား အဖွဲ့ဝင်တွေပါဝင်တဲ့ ပြည်သူလူထု(၃၀၀)နီးပါးလောက် က မုံရွာအမှတ်(၁) ရဲစခန်းကို ၀ိုင်းထားပြီး ဆန္ဒပြတောင်းဆို
Photo: စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပန်တောင်းတောင်ကြေးနီ စီမံကိန်းကြောင့် လယ်သိမ်းခံရတဲ့ကျေးရွာ တွေကနေ မုံရွာမြို့ပေါ်ကို အင်္ကျီဆင်တူဝတ်ပြီး ဘုရားဖူးလာတဲ့ အမျိုးသမီးတွေ အပါအ၀င် ဒေသခံ အမျိုးသမီး (၁၂) ဦးကို အာဏာပိုင်တွေက ဒီကနေ့ ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့ သိရပါတယ်။
မုံရွာမြို့ပေါ်က ဆုတောင်းပြည့်ဘုရားကို ၀တ်ပြုဆုတောင်းဖို့သွားကြတဲ့ ၀က်မှေးကျေးရွာသူတွေကို ညောင်ပင်ကြီးဆိပ်ကမ်းကနေ တတ်လာချိန်
ကတည်းက ရဲအင်အား (၃၀)လောက်က အနီးကပ် စောင့်ကြည့်နေခဲ့ကြောင်း
ဖမ်းဆီးထိန်းသိမ်းထားသူတွေ ပြန်လွှတ်ပေးဖို့အတွက် မုံရွာမြို့ပေါ်က
 ဒေသခံတွေ၊ ပွင့်လင်းလူ့အဖွဲ့အစည်းက လှုပ်ရှားနေသူတွေနဲ့ မုံရွာခရိုင် ဗကသကျောင်းသား အဖွဲ့ဝင်တွေပါဝင်တဲ့ ပြည်သူလူထု(၃၀၀)နီးပါးလောက်
က မုံရွာအမှတ်(၁) ရဲစခန်းကို ၀ိုင်းထားပြီး ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒပြတဲ့အထဲမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုကံရွှေက RFAကို  ပြောပြပါတယ်။ 
ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူအားလုံးကို အာဏာပိုင်တွေက အခု ညနေ(၆)နာရီအထိ မလွှတ်ပေးသေးတဲ့ အတွက် မုံရွာခရိုင်
ဗကသကျောင်းသားတွေ ဦးဆောင်တဲ့ ဒေသခံ လူထု(၃၀၀၀) နီးပါးလောက်ဟာ ထိန်းသိမ်းခံထားတဲ့သူတွေကို အမြန် လွှတ်ပေးရေး 
 တောင်းဆိုပြီး မုံရွာမြို့တစ်ပတ်လှည့်လည်ဆန္ဒပြနေတယ်လို့ သိရပါတယ်။
မုံရွာတစ်ဖက်ကမ်းကနေ မုံရွာမြို့ပေါ်ကို ပို့ဆောင်ပေးနေတဲ့ လှေ၊ သမ္မာန်
စတဲ့ ပို့ဆောင်ရေးရေယာဉ်တွေ ကိုလည်း တစ်ဖက်ကမ်းကျေးရွာတွေ
ကနေ မြို့ပေါ်တတ်လာလို့မရအောင် အာဏာပိုင်တွေက မနေ့ကတည်းက တားဆီးပိတ်ပင်ထားတဲ့အတွက် မုံရွာမြို့ပေါ်မှာ အလုပ်လုပ်နေရတဲ့ ဒေသခံ
အလုပ်သမားတွေ အခက်အခဲကြုံ နေရတယ်လို့ သိရပါတယ်။
(Photo courtesy of OpenSociety Monywa)
(Photo courtesy of OpenSociety Monywa)
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပန်တောင်းတောင်ကြေးနီ စီမံကိန်းကြောင့် လယ်သိမ်းခံရတဲ့ကျေးရွာ တွေကနေ မုံရွာမြို့ပေါ်ကို အင်္ကျီဆင်တူဝတ်ပြီး ဘုရားဖူးလာတဲ့ အမျိုးသမီးတွေ အပါအ၀င် ဒေသခံ အမျိုးသမီး (၁၂) ဦးကို အာဏာပိုင်တွေက
 ဒီကနေ့ ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့ သိရပါတယ်။
RFA