Pages

Tuesday, September 25, 2012

ဖားကန့်မှာ (၈၈) မျိုးဆက် ရုံးစိုက်ပေးဖို့ ဒေသခံများတောင်းဆို

 Photo: ၂၄၊၉၊၂ဝ၁၂ နေ့၊ နေ့လည် ၃းဝဝ တွင်
 ၈၈မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲကို
၈၈မျိုးဆက်ကျောင်းသားများ၏ ဝေဇယန္တာလမ်းရုံးခန်း၌ ကျင်းပရာ
မင်းကိုနိုင်၊ကိုကိုကြီး၊ကိုဌေးကြွယ်၊ကိုမြအေး၊
ကိုပြုံးချိုနှင့်ကိုဂျင်မီတို့ ရှင်းလင်းတင်ပြခဲ့ကြသည်။
သတင်းစာရှင်းလင်းပွဲတွင် ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့
မနောကွင်းတွင် ကျင်းပခဲ့သော (ဧရာဝတီမြစ်ဆုံနှင့်ပတ်သက်သည့်) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ပတ်သက်၍ ကိုဌေးကြွယ်ကလည်းကောင်း၊
ဖားကန့်ဒေသငြိမ်းချမ်းရေးခရီးစဉ်နှင့်ပတ်သက်၍ မင်းကိုနိုင်ကလည်းကောင်း၊
ကချင်ပြည်နယ်ဒေသအတွက် အလှူငွေများနှင့်ပတ်သက်၍ ကိုပြုံးချိုကလည်းကောင်း၊ရခိုင်ဒေသအခြေအနေနှင့်ပတ်သက်၍
ကိုကိုကြီးကလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ သတင်းဌာနနှင့်ဂျာနယ်အသီးသီးမှ သတင်းသမား ၅ဝ ကျော် တက်ရောက်ခဲ့ကြသည်။
ဖားကန့် ဒေသခံ ပြည်သူတွေက (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့ကို ဖားကန့် ဒေသမှာ ရုံးစိုက်ပေးစေ ချင်တယ်လို့ တောင်းဆို ကြတဲ့ အတွက် ပြည်သူ တွေရဲ့ ဆန္ဒအတိုင်း စီစဉ်ပေးဖို့ ရှိတယ်လို့ ရန်ကုန်မြို့က (၈၈) မျိုးဆက် ကျောင်းသားများ ရုံးခန်းမှာ ဒီကနေ့၂၄၊၉၊၂ဝ၁၂ နေ့၊ နေ့လည် ၃းဝဝ တွင် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က  ပြောပါတယ်

"ဒေသခံပြည်သူတွေက (၈၈) လာပြီးတော့ ရုံးစိုက်ပြီးတော့ နေပေးစေချင်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ရှိတယ်ဆိုရင် သူတို့လုံခြုံတယ်လို့ ခံစားရတယ်လို့ ပြည်သူတွေ၊ ဒေသခံတွေ တောင်းဆိုတာပါ။ အမြဲတမ်းကြီး ကျွန်တော်တို့ ရှိတိုင်းလည်း အာမတော့ ဘယ်ခံနိုင်ပါ့မလဲ။ တစ်ခုတော့ ရှိတာပေါ့။ သူတို့ ရုံးခန်းနဲ့ ဘာနဲ့ စနစ်တကျ လုပ်ချင်တယ် ဆိုရင်လည်း အားပေးရတာပေါ့။ ကျွန်တော်တို့ကလည်း ကိုယ့်အား ကိုယ်ကိုးနိုင်တဲ့ နည်းလမ်းမျိုးကို ကျွန်တော်တို့ ပိုပြီးတော့ ပေးခဲ့ပါတယ်"
ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီနဲ့ ကိုမြအေးတို့က သူတို့သွားရောက်ခဲ့တဲ့ ကချင်ပြည်နယ်ခရီးစဉ်၊ ရခိုင်ပြည်နယ်ခရီးစဉ်၊ မုံရွာ လက်ပံတောင်းတောင် ခရီးစဉ်နဲ့ ကယားပြည်နယ် ခရီးစဉ်တို့ အကြောင်းကို ပြန်လှန်ပြောပြကြပါတယ်။
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ဒီလ ၁၆ ရက်နေ့က ၁၈ ရက်နေ့အထိ ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသကို ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။