Pages

Friday, September 7, 2012

လမ်းမတော် (၁) လမ်း အိမ်သုံးဂတ်စ်အိုး အရောင်းဆိုင် မီးလောင်ကျွမ်းနေ

 
 ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မော်တင် (၁) လမ်း၊ ကမ်းနားလမ်းပေါ်ရှိ CHO အိမ်သုံးဂတ်စ် အရောင်းဆိုင်တွင် ယနေ့နေ့လည် ၂နာရီ၃၀မိနစ် ၀န်းကျင် ခန့်က မီးလောင်ကျွမ်းခဲ့ရာ လက်ရှိ အချိန်အထိ ဆက်လက် လောင်ကျွမ်းဆဲ ဖြစ်ကြောင်းသိရသည်။

မီးလောင်ကျွမ်းရာသို့ မီးသတ်ယာဉ် ၁၅ စီး လာရောက်၍ ငြှိမ်းသတ်နေသော်လည်း ဂတ်စ်အိုးများလောင်ကျွမ်းနေမှုကြောင့် ဆက်လက် မကူးစက်စေရန် အတွက် မီးညွန့် ထိန်းသိမ်းနိုင်ရေး ကြိုးစားနေဆဲ ဖြစ်ကြောင်းသိရသည်။

လက်ရှိ အခြေအနေအရ ဂတ်စ်အိုးသို လှောင်ထားသည့် ဂိုဒေါင်တစ်လုံး၊ တစ်ထပ်တိုက်ခံ အိမ်တစ်လုံးနှင့် တစ်ထပ်သစ်သား အိမ်တစ်လုံး လောင်ကျွမ်းနေကြောင်း သိရသည်။

မီးလောင်ကျွမ်းရာသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ ရောက်ရှိ နေကြောင်းလည်း သိရသည်။

Popular Myanmar News Journal






ဓါတ်ပုံ - Popular Myanmar News Journal