Pages

Thursday, September 6, 2012

ကြေးနီ စီမံကိန်း ၏ ” ဘ၀ ဆက် တိုင်း အာဏာ ရှင် စနစ် အောက် တွင် လူမဖြစ် ပါရစေ နှင့် ” လှုပ်ရှား မှု အခြား ဖိနှိပ်ခံ ဒေသများ သို့  ကူးစက် နိုင်

by FNG on September 6, 2012 394904_10150643543297588_1798830094_n


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် တွင်း ရှိ လက်ပန်းတောင်းတောင် ကြေးနီ စီမံ
ကိန်း တွင် လယ်ယာမြေ အသိမ်းခံ ရသူ များ နှင့် လူ့  အခွင့် အရေး ချိုးဖောက် ခံရသူများ က
မုံရွာ-ပုသိမ် ကား လမ်းမ ပေါ် တင် ချီတက် ဆန္ဒ ကြရာ ဒေသခံ ၄၀၀၀ ကျော် ပါဝင် ပြီး ထိုဒေ
သရှိ လူမှု ကွန်ယက် များ ၊ ဗကသ အဖွဲ့  ၀င် များက ၀န်း ရံ ပေး ခဲ့ ကြသည်။
ကြေးနီစီမံကိန်း အတွက် ဒေသခံတွေရဲ့ လယ်မြေတွေကို မြန်မာ့စီးပွားရေး ဦးပိုင် နှင့် တရုတ် ကုမ္ပဏီ
ဖြစ်သည့် ၀မ်ဘောင် ကုမ္ပဏီတို့က သိမ်းယူ ခဲ့ ခြင်း ကြောင့် လယ်ယာ မြေ ပြန်ရ ဖို့ အပြင် စီမံကိန်း
ကို ပါ ဖျက် သိမ်း ဖို့  တောင်း ဆို ခဲ့ ကြသည်။
အဆို ပါ ဆန္ဒ ပြ ပွဲ တွင် ပြည်သူများ က ၎င်း တို့  ၏ မကျေ နပ် မှု ကို သရုပ် ဖော် ပြ သ ခြင်း နှင့်
” ဘ၀ ဆက် တိုင်း အာဏာ ရှင် စနစ် အောက် တွင် လူမဖြစ် ပါရစေ နှင့် ” စသည့် ကြေးကျော် သံ
များ ဆိုင်း ဘုတ် များ ကို ကိုင်ဆောင် ဟစ် ကြွေး ခဲ့ ကြသည်။
ယမန်နေ့  ဆန္ဒ ပြမှု အပြီး တွင် ဆားလင်း ကြီး ရဲစခန်း မှာ ပုဒ်မ ၁၄၄ ထုတ် ထား သည့် ဆိုင်းဘုတ်
များ ကို သိမ်းယူ သွား သည် ဟု သိရှိရသည်။
အဆိုပါ ဆန္ဒပြ ပွဲ တွင် လူအင်အား များ ပြား ပြီး ၊ မြို့ လုံးကျွတ် ၊ ရွာ လုံး ကျွတ်  အား ပေး မှု များ
လည်း ရှိ သော ကြောင့် အာဏာ ပိုင်များ က ရက်ရက် စက် စက် ဖြိုခွဲ ချင် သော် လည်း မဖြိုခွဲ
နိုင် ဟု သိရှိ ရသည်။
မုံရွာ ကြေး နီ စီမံ ကိန်း ၏ ဆန္ဒပြ ပွဲ သည် မြန်မာ နိုင်ငံ တွင်း အခြား ပြည်နယ် တိုင်း များ မှာ မတရား
မှု ကို ခါးစီး ခံ နေရသည့် အလုပ်သမား ၊ လယ်သမား များ ၏ ဆန္ဒ ထုတ် ဖော် မှု များ ကို ပို ပြီး တက်
ကြွလာစေရန် တွန်း အား ပေး သည် ဟု အထက် မြန်မာ ပြည် ဗကသ အဖွဲ့  ၀င် တစ်ဦး က FNG ကို
ပြောသည်။
ဆန္ဒပြ ပွဲ သို့  အာဏာ ပိုင် များ က မီးသတ် ကား ၊ ဒိုင်း  လက် နက် ၊ တုတ် ၊ သေနတ် များ ဖြင့် ရောက်
ရှိ လာ သော် လည်း ထောင် သောင်း ချီ လူအုပ် ကြီး ကြောင့် ရှေ့ ဆက် မတိုး ဟု သိရသည်။
Photo Credit Aung Nay Myo via Kyaw Swar Myint ၊ သလ္လာဝတီ တိုင်း(မ) ၊ Open Society Monywa