Pages
▼
Wednesday, September 5, 2012
ထားဝယ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသူများ စိတ်ချစွာ ပါဝင်လာစေရေး အာရှဖွံ့ဖြိုးရေးဘဏ် အကြံပေး
ထိုင်းအစိုးရအနေဖြင့် ထားဝယ်စီမံကိန်းတွင် ငွေရှင်များပိုမို စိတ်ချစွာ ပါဝင်လာနိုင်ရန် ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်း များတွင် ရင်းနှီးမျြုပ်နှံ သင့်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အကြံပြုထားသည်။
”အကြီးအကျယ် ရင်းနှီးရဖို့ မလိုပါဘူး။ ထားဝယ်စီမံကိန်းကို စတင်နိုင်ရုံအစပျိုးဖို့ လိုအပ်သလောက် ပါပဲ”ဟု ADB ၏ထိုင်းနိုင်ငံအုပ်ချုပ် ရေးမှူး Craig Steffensen က ဆို သည်။ ”ထိုင်းမှာက Stock Exchange (ငွေကြေးဈေးကွက်) ရှိပြီးသား။ ITD ကလည်း ဒီစတော့အိတ်ချိန်းမှာ အဖွဲ့ဝင်ကုမ္ပဏီတစ်ခု ဖြစ်တယ်။ ”တကယ်လို့ သာ ITD က အောင်အောင်မြင်မြင်နဲ့ ရင်းနှီးမျြုပ် နှံမှုတွေကို ဆွဲဆောင်နိုင်မယ်ဆိုရင် ဒီငွေသန်းပေါင်းများစွာ၊ စီမံကိန်းမှာ သုံးမယ့်ငွေတွေက ထိုင်းနိုင်ငံရဲ့ ငွေ ကြေးဈေး ကွက်မှာဝင်ပြီးတော့ ထိုင်း စီးပွားရေးကို တိုးတက်စေမှာလား၊ မြန်မာပြည်ကိုဝင်ပြီးတော့ မြန်မာ ပြည်ရဲ့စီးပွားရေးကို တိုးတက်စေမှာ လား။ ဒါမေးခွန်းထုတ်စရာ ဖြစ်တယ်”ဟု ဘန်ကောက်မြို့တော်အခြေစိုက် သုတေသီဦးဇော်အောင်က Dawei Watch သို့ ပြောကြားသည်။ ITD မှာ ထားဝယ်စီမံကိန်း တည်ဆောက်ခွင့်ရရှိထားေ သာ ထိုင်း ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သည်။ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက် ရေး၊ လုပ်ငန်းခွင်ဆိုင်ရာ လေ့ကျင့် ရေး သင်တန်းများ၊ ဒေသခံများကို ပြောင်းရွှေ့နေရာချ ထားရေး၊ ကျန်း မာရေးနှင့်ပညာရေးအကူအညီများ ရရှိသွားရန် ထိုင်းအစိုးရမှ တွန်းအား ပေးလုပ်ဆောင် သွားမည်ဖြစ်ကြောင်းမစ္စတာစီဟစပ်က ဆက်လက်ပြော ကြားသည်။စီမံကိန်းတစ်ခုလုံး အကောင် အထည်ဖော်ရန် အမေရိကန်ဒေါ်လာ ၅ဝ ဘီလျံကျော်ကုန်ကျမည့် ထား ဝယ်စီမံကိန်းပထမအဆင့်ဖော်ဆောင် ရန် အီတာလျံ-ထိုင်းကုမ္ပဏီမှ ရင်း နှီးမျြုပ်နှံမှု အမေရိကန်ဒေါ် လာ ၈ ဒသမ ၆ ဘီလျံရှာဖွေနေချိန်တွင်ထိုင်းအစိုးရမှအပြည့်အဝ နောက်ခံ ပေးထားပြီး ရင်းနှီးမြှုပ်နှံသူများ စိတ်ပါဝင်စား ရန်ကြိုးပမ်းလျက် ရှိ သည်။ထားဝယ်စီမံကိန်းနှင့် ပတ် သက်၍နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရန် ထိုင်းနှင့်မြန်မာအကြား ရေး ထိုးထားသောနားလည်မှုစာချွန်လွှာ အရ ထားဝယ်ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး စီမံကိန်းနှင့်ပတ် သက်သည့် စီမံချက်စာတမ်းကို မြန်မာသို့ပေးပို့ထားကြောင်း ထိုင်းနိုင်ငံ ၏ နိုင်ငံခြားရေးရာ အတွင်းရေးမှူး မစ္စတာစီဟစပ်ဖူအမ်ကပ်ကွိုင်က ပြောကြားသည်။မစ္စတာစီဟစပ်သည် အမျိုး သားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး မှုအဖွဲ့၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန တို့မှ အစိုးရတာ ဝန်ရှိသူများပါဝင်သောအဖွဲ့ကို ဦး ဆောင်လျက်မြန်မာနိုင်ငံသို့ သွား ရောက်ခဲ့အပြီးBangkok Post သတင်းစာသို့ပြောဆိုလိုက်ခြင်း ဖြစ် သည်။
”နှစ်နိုင်ငံအစိုးရအနေနဲ့ ထား ဝယ်စီမံကိန်းနဲ့ ထိုင်းနိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းကို အထောက်အပံ့ဖြစ် စေမယ့်စီမံချက်အသစ်အတိုင်းအတူ လက်တွဲဖော်ဆောင် သင့်ပါတယ်”ဟု ၄င်းက ဆိုသည်။မစ္စတာစီဟစပ် ဦးဆောင် သော အဖွဲ့သည် ထိုင်းနိုင်ငံဝန်ကြီး ချုပ်ယင်လပ်ရှင်နာဝပ်ထရာ၏ ထားဝယ် နှင့်အနောက်ဘက် ကမ်းရိုး တန်း စီမံကိန်းများ အကောင်အထည်ဖော် ရန် စက်တင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ မြန်မာပြည်သို့ သွား ရောက်မည့်ခရီးစဉ်မတိုင်မီ အကြို ဆွေးနွေးရန် မြန်မာပြည်သို့ ထပ်မံ လာရောက်ရန် ရှိသည်။သို့သော် ခရီးစဉ်နှင့်ပတ်သက်၍မြန်မာအစိုးရဘက်မှ ပြန်ကြား ချက်ကို စောင့်ဆိုင်းဆဲဖြစ်ကြောင်း စက်တင်ဘာ ၁ရက်နေ့ The Nation သတင်းအင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ထိုင်း-မြန်မာနှစ်နိုင်ငံအနေဖြင့် အခြေခံအဆောက်အအုံ ဆောက် လုပ်ရေး၊ စက်မှုဇုန်များတည်ဆောက် ရေး၊ စွမ်းအင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊နယ်စပ်တစ်လျှောက် ကုန်စည်များ သယ်ယူပို့ဆောင်ရေး အတွက် စည်းမျဉ်းများဖော်ဆောင်ရေး များကို အဓိကထားဖော်ေ ဆာင်သွား မည်ဟု မစ္စတာစီဟစပ်က ဆိုသည်။သမ္မတဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထားဝယ်ဆိပ်ကမ်း နှင့်စီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အရင်း အမြစ်နှင့် အခြေခံအဆောက် အဦ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် နှစ်နိုင်ငံစွမ်းအင်ဆိုင်ရာ ဖိုရပ်ဖြစ်ပေါ် ရေးပူးတွဲထုတ်ပြန်ချက် စသည့်နားလည်မှုစာချွန်လွှာများကို လက်မှတ် ရေးထိုးခဲ့သည်။
Dawei Watch