Pages

Saturday, September 15, 2012

ကမ္ဘာ့ ဒီမိုကရေစီ နေ့ အထိမ်းအမှတ် မြိတ်မြို့ မှာ ကျင်းပ


ကမ္ဘာ့ ဒီမိုကရေစီ နေ့ အထိမ်းအမှတ် မြိတ်မြို့ မှာ ကျင်းပ ယနေ့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ မနက် ၁၀ ခန့်တွင် မြိတ်မြို့ ပေါ်တော်မူ ဘုရားပေါ်တွင် ကမ္ဘာ့ ဒီမိုကရေစီ နေ့ အထိမ်းအမှတ် ဆုတောင်းပွဲအား NLD ပါတီဝင်များအင်အား ၁၅၀ ကျော်ခန့်  နှင့် ကျွန်းစုမြို့နယ် လွှတ်တော်အမတ် ဒေါ်တင်တင်ရီ တို့မှ ဦးဆောင်ပြုလုပ်ခဲ့ကြပါသည်။

ကမ္ဘာ့ဒီမိုကရေစီနေ့ ဖြစ်သည့်အားလျော်စွာ နိုင်ငံတကာ ဒီမိုကရေစီ ကျင့်နည်းကျင့်ထုံးများ ၊ အခြေခံ လူ့အခွင့်အရေးနှင့် နိုင်ငံသားတိုင်းရပိုင်ခွင့် ၊ လုပ်ပိုင်ခွင့်များအား ပိုမို တိုးတက်လာပြီး ပြည်သူတစ်ရပ်လုံး အေးချမ်းသာယာစေရန် နှင့် နိုင်ငံတွင်း ဖြစ်ပွားနေသည့်  ပြည်တွင်းစစ်များ ၊ အငြင်းပွားမှုများ ပပျောက်ကင်းစင်စေရန်ရည်စူး မေတ္တာပို့ ဆုတောင်းပေးကြပါသည်။

ကမ္ဘာတစ်ဝန်း မေတ္တာလွမ်းခြုံကြပါစေ.
ကမ္ဘာအနှံ့ စစ်မက်ကင်းကြပါစေ.
ကမ္ဘာတစ်ခွင် ဒီမိုကရေစီ ရှင်သန်ထွန်းလင်းကြပါစေ.