Pages

Tuesday, September 25, 2012

 ရသေ့တောင်တွင် လူထုအစည်းအဝေးကျင်းပရာ တက်ရောက်လာကြသူဦးရေ ၁၅၀၀ ၀န်းကျင်ခန့်ရှိကြောင်းသိရ

 thn_b_07
 ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင်လူထုအစည်းအဝေးကြီးတစ်ရပ်ကို ယနေ့ နံနက်ပိုင်း ၇း၃၀ နာရီ ခန့်ကစတင်ဖွင့်လှစ်ကျင်းပရာ တက်ရောက်အားပေးသူ ၁၅၀၀ ၀န်းကျင်ခန့်ရှိကြောင်းသိရသည်။ ထိုသို့ လူထုအစည်းအဝေးကျင်းပရခြင်းမှာလည်း ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်နေသာ ပဋိပက္ခများနှင့် ရခိုင်ပြည်နယ်အရေးအတွက် တင်ပြဆွေးနွေးကြသောပွဲဖြစ်ကြောင်းလည်း သိရသည်။
ယင်းတွက် ရခိုင်ပြည်နယ် အနှံ့အပြားမှ လူမှုအဖွဲ့အစည်းများ၊ ပါတီများနှင့် ရဟန်းသံဃာများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသူတစ်ဦးက
''ဒီနေ့နံနက်ပိုင်းမှာတော့ လူ ၁၅၀၀ လောက်တက်ကြတယ်။ စာတမ်းတွေဖတ်ကြတယ်။ စာတမ်းဆိုတာကလည်း လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပေါ်နေတာ၊ ဖြစ်ပျက်နေတာတွေပါတယ်။အဓိကတော့ ရခိုင်သမိုင်းအကြောင်းတွေ၊ ရခိုင်မှာ သမိုင်းစာမျက်နှာရှိတဲ့အကြောင်းတွေကို ခိုင်လုံတဲ့သက်သေ အထောက်အထားတဲ့ တင်ပြတာဖြစ်တယ်။  ညနေပိုင်းဆိုလူပိုများလာမယ်လို့ ထင်တယ်။ အခုလည်း သင်္ဘောတွေ၊စက်လှေတွေနဲ့ လာနေကြတဲ့ သတင်းတွေကို ကြားနေရတယ်။ အစည်းအဝေးက နှစ်ရက်ကြာမယ်ဆိုတော့ အခြေအနေရ သုံးရက်တောင်ဖြစ်ချင် ဖြစ်သွားနိုင်တယ်။ လူတွေအားလုံးက လည်းစိတ်ဝင်စားကြတယ်'' ဟု အစည်းအဝေးမှ သတင်းထုတ်ပြန်ရေးဥက္ကဌက ပြောသည်။