Pages

Saturday, September 15, 2012

မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနှင့် မအေးနက် တို့ ယနေ့လွတ်မြောက်

မသွဲ့သွဲ့ဝင်း
ယနေ့ လွတ်မြောက်လာသော မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနှင့် မအေးနက်တို့သည် ၈၈မျိုးဆက်ကျောင်းသားများ၏ အာမခံချက်ဖြင့် လွတ်မြောက်လာခြင်း ဖြစ်ပြီး ယမန်ပြည့်မည့် စက်တင်ဘာ(၂၄) ရက်နေ့တွင် တရားစွဲဆိုထားမှုကို ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
မသွဲ့သွဲ့ဝင်း လာကြိုဆိုနေသူများကို လက်ပြနှုတ်ဆက်
(ThanLarWaddy Times)
Photo..တင်ထွဋ် ပိုင်,AUNG NAY MYO Facebook
၁၄၊ ၉၊ ၂၀၁၂ ရက်နေ့၊ ညနေ ၄ နာရီအချိန်တွင် လက်ပံတောင်ကြေးနီစီမံကိန်းအရေးတွင် အဖမ်းခံရသူ ၀က်မှေးရွာသူ ၃ ဦးဖြစ်ကြတဲ့ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနှင့် မအေးနက် တို့ လွတ်မြောက်လာတဲ့အတွက် မိမိရပ်ရွာသို့ လိုက်လံပို့ဆောင်ခဲ့ကြ။

ထိုသို့ လိုက်လံပို့ဆောင်တဲ့အခါ ကိုဂျင်မီ၊ ကိုမျိုးသန့် အပါအ၀င် ၈၈မျိုးဆက်ကျောင်းသားများ(ပွင့်လင်းလူ့အဖွဲ့အစည်း)၊
ကျောင်းသားသမဂ္ဂအထက်မြန်မာပြည်(မုံရွာခရိုင်)၊ဗကသ(ရန်ကုန်)၊ဗကသ(မန္တလေး)၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ဆားလင်းကြီးမြို့နယ်၊ ကနီမြို့နယ်၊ ချောင်းဦးမြို့နယ်၊ မုံရွာမြို့နယ်မှပြည်သူလူထုများ ပါဝင်ပါသည်။

မအေးနက်၏ မိခင်နှင့် မွေးစားမိခင်ကတော့ " သမီး အဖမ်းခံရတဲ့အတွက် ၀မ်းလဲနည်းတယ်၊ လွတ်မြောက်လာတဲ့အတွက် ၀မ်းလဲသာတယ် "လို့ ပြောပါတယ်။

အေးမြမြလွင်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မုံရွာမြို့နယ်