Pages

Thursday, September 27, 2012

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီရန်ကုန်တိုင်းဒေသကြီးရှိ တရားရုံး ၃ ရုံး ကိုဝင်ရောက်လေ့လာ

 
ယနေ့ (စက်တင်ဘာ ၂၇ )တွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ သည် ရန်ကုန်တိုင်းတရားလွှတ်တော်သို့ဝင်ရောက်လေ့လာနေပြီးတရားလွှတ်တော်မှ တိုင်းတရားသူကြီးချုပ် ဦးဝင်းဆွေ၊နှင့် တရားသူကြီးများဖြစ်ကြသော ဦးမျိုးမြင့် ၊ ဦးလှအေး၊ဒေါ်စန္ဒာသွယ်၊ဒေါ်စိုးစိုးအောင်၊ဒေါ်အေးသန်း၊ဒေါ် သင်းသင်းနွဲ့နှင့် ဒေါ် လွင်လွင်အေးကျော် တို့မှ လက်ခံတွေ့ဆုံဆွေးနွေးနေကြောင်းသိရသည်။
ကော်မတီ သည် ရန်ကုန်တိုင်းဒေသကြီးရှိ တရားရုံး ၃ ရုံး ကိုဝင်ရောက်လေ့လာခဲ့ရာ( ပထမနေ့) တာမွေ တရားရုံးတွင် အချုပ်သားများ တွေ့ရှိရပြီး (ဒုတိယနေ့) အရှေ့ပိုင်းခရိုင် သင်္ကန်းကျွန်းရုံးတွင် အချုပ်သားများ မတွေ့ရတော့ကြောင်း ကော်မတီဝင် ဦးသိန်းညွန့်ကပြောကြားသည်။
" မနေ့က အရှေ့ပိုင်းခရိုင်မှာလေ့လာတော့ အချုပ်သားတွေ မရှိတော့ဘူး၊ ကျနော်တို့ပြန်မှ ပဲသူတို့လည်း ထမင်းစားရမယ်ထင်တယ်၊ပြီူးတော့ အနီးနားက ပြောတယ် ၊ဦးသိန်းညွန့်တို့တော့ ခံလိုက်ရပြီတဲ့၊ နေ့တိုင်းတရားခွင်မှာ တရားသူကြီးတွေစီးလာတာ သူဌေးကြီးတွေ စီးတဲ့ကားတွေ နဲ့ လာတယ် ၊ဒီနေ့တော့ အဲဒီကားကြီးတွေ မတွေ့ရဘူးလို့ပြောလိုက်တယ်" ဟု ဦးသိန်းညွန့်က ပြောသည်။ကော်မတီ ၏လေ့လာရေး အဖွဲ့တွင် အတွင်းေ၇းမှုး ဦးဝင်းမြင့်၊အဖွဲ့ဝင် ဦးသိန်းညွန့်၊ဒေါ်လဲ့လဲ့ဝင်းဆွေ၊ဦးမင်းဆွေ တို့ကလက်ရှိ တာဝန်ယူထားကြောင်းသိရသည်။

အောင်ထက်(NYK)

Popular Myanmar News Journal