Pages

Saturday, September 1, 2012

ပုသိမ်ရေဘေးသင့်ပြည်သူများအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အလှူငွေသွားရောက်ပေးအပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (စက်တင်ဘာ ၁ရက်) တွင် ရေဘေးသင့်ဒဏ်ခံခဲ့ရသော ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်သို့ သွားရောက်ကာ ရပ်ကွက်တချို့အား အလှူငွေများပေးအပ် ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နံနက် ၅ နာရီခွဲတွင်
... ရန်ကုန်မြို့မှ ထွက်ခွာလာပြီး ၉ နာရီ ၄၅ မိနစ်တွင် ပုသိမ်မြို့သို့ရောက်ရှိကာ အမှတ်(၁၂) ရပ်ကွက်နှင့် အမှတ်(၁၄) ရပ်ကွက်တို့သို့ သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံပွဲပြုလုပ်ပြီးနောက် အလှူငွေ ၁၀ သိန်းကျပ်စီကို ပေးအပ်ခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့ရှိ၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှ လူထုအား ၁၀ မိနစ်ကြာ မိန့်ခွန်းပြော ကြားခဲ့သည်။
ဓာတ်ပုံ- ဥက္ကာကိုကို

 ထို့နောက် ရေကြည်ဦးရပ်ကွက် တာအား အင်ဂျင်နီယာများဖြင့် ခေါ်ယူလေ့လာပြီး
လိုအပ်သလို ပြင်ဆင်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း လမ်းဘေးဓါတ်တိုင်များအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ လဲလှယ်ပေးမည် ဖြစ်ကြောင်း ပုသိမ်ဆေးရုံကြီးကိုလည်း အခြေအနေစုံစမ်းပြီး ပြည်သူအများ သက်တောင့်သက်သာ ရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေသခံများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ထို့နောက်
နံနက် ၁၀နာရီ ၄၀ မိနစ်တွင် ရေကြည်ဦး ၁၄ ရပ်ကွက်သို့ ဆက်လက် သွားရောက်ကြောင်းသိရသည်။
Photo: ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့မှပြန်လာစဉ် မြို့ပြင် ကားလမ်းဘေး၌တွေ့ရ သော ရေဘေးသင့်ဒေသခံတချို့၏ ယာယီတဲအိမ်များရှေ့တွင် ခေတ္တဆင်းကာ ၎င်းတို့ ပြောပြသော လိုအပ်ချက်များကို နားထောင်၍ အားပေးစကား ပြောကြားခဲ့သည်။ 

ဓာတ်ပုံ- ဥက္ကာကိုကို
ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့မှပြန်လာစဉ် မြို့ပြင် ကားလမ်းဘေး၌တွေ့ရ သော ရေဘေးသင့်ဒေသခံတချို့၏ ယာယီတဲအိမ်များရှေ့တွင် ခေတ္တဆင်းကာ
 ၎င်းတို့ ပြောပြသော လိုအပ်ချက်များကို နားထောင်၍ အားပေးစကား ပြောကြားခဲ့သည်။
ဓာတ်ပုံ- ဥက္ကာကိုကို