Pages
▼
Wednesday, September 19, 2012
ကွန်ဂရက် ရွှေတံဆိပ်ဆု လက္ခံရယူရန် ကက်ပီတိုလ် လွှတ်တော် သို့  ထွက်ခွာ
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန် သမ္မတ ဘာရက် ခ် အိုဘားမား
တို့ သည်ယနေ့  ၀ါရှင် တန် ဒီစီရှိ သမ္မတ အိမ်ဖြူ တော် တွင် တွေ့ ဆုံ မည် ဟု AP သတင်း တွင် ဖော်ပြ
ထားသည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် ဘာရက်(ခ) အိုဘားမား သည် ပထမ ဦးဆုံး အကြိမ် တွေ့ ဆုံမှု
ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန် ပြည်ထောင်စုက အရပ်သားများကို ချီးမြှင့်သည့် အမြင့်ဆုံး ဆုတံဆိပ်ဖြစ်သော ‘ကွန်ဂရက် လွှတ်တော် ရွှေတံဆိပ်ဆု’ ကို
တက်ရောက် လက်ခံ ရယူရန် အတွက် သူမ တည်းခို ရာ နေရာမှ ကက်ပီတိုလ် လွှတ်တော် ကို မကြာခင်ထွက် ခွာ တော့မည် ဟု FNG မှ သတင်း ရရှိသည်။
အမေရိကန် လွှတ်တော် နှစ်ရပ်ပေါင်း အစည်းအဝေး၌ ပေးအပ်မည့် အဆိုပါ ဆုပေးပွဲ အခမ်းအနားသို့ သမ္မတ ဘားရက် အိုဘားမား လည်း နှင့် ထင်ရှား သော လွှတ်တော် အမတ် များ လည်း တက်ရောက် မည်ဖြစ်သည်။
အမေရိကန် စံတော် ချိန် ဗုဒ္ဓဟူး နေ့  နေ့ လည် ပိုင်း တွင် Amnesty International တွင် ဆွေးနွေး ပြောကြားမည် ဖြစ် ပြီး ထို အစီအအစဉ် အား အင်တာနက် မှ တစ်ဆင့် တိုက်ရိုက် ထုတ် လွှင့် ပြသမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ယမန်နေ့  က အမေရိကန် နိုင်ငံ ခြား ရေး ၀န်ကြီး ဟီလာရီ ကလင်တန် နှင့်တွေ့ ဆုံ ခဲ့ ပြီး ဗီအိုအေ မြန်မာ့ အသံ နှင့် လွတ်လပ်သော အာရှ အသံ မြန်မာ ပိုင်း အစီအစဉ် မှ ၀န်ထမ်းများနှင့် လည်း တွေ့ ဆုံ ခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့  ညနေ တွင် အိမ်ဖြူတော် မှာ သမ္မတ အိုဘားမား နှင့် ဇနီး မစ်ရှယ်(လ) အိုဘား မား တို့  နှင့် အတူ ညစာ သုံးဆောင် နိုင်ဖွယ်ရှိသည်။
ယနေ့  သည် ဒေါ်အောင်ဆန်းစုကြည် ၏ ၁၇ ရက်ကြာ အမေရိကန် ခရီးစဉ်၏ဒုတိယ မြောက် နေ့  ဖြစ်သည်။
Ref: FNG