Pages

Thursday, September 27, 2012

နေပြည်တော်အတွင်းရှိ ဘုန်းကြီးကျောင်းများကိစ္စ



by Daw Sandar Min (Shwee) on Thursday, September 27, 2012

နေပြည်တော်အတွင်းမှာ သာသနာ့နယ်မြေအဖြစ် အသိအမှတ်ပြုခံထား
ရခြင်းမရှိသော၊ ၀ါဆိုသံဃာစာရင်းအမည်မပေါက်သော ဘုန်းကြီးကျောင်း
များအား ယခုဝါကျွတ်လျှင် ဖျက်သိမ်းရွှေ့ပြောင်းရမည်ဟု သတင်းကြား
နေရပါတယ်…

ငှင်းဘုန်းကြီးကျောင်းများ တရားဝင်ဖြစ်ရေး၊ အမှန်တကယ် ၀ိနည်းနှင့်
ညီသော ကျောင်းများတည်ရှိရေးအတွက် နေပြည်တော်ကောင်စီ အထူး
စီမံကိန်းအရာရှိအနေဖြင့် ငှင်းကိစ္စကို မည်ကဲ့သို့ဖြေရှင်းမည်ကို အဖြေရှိ
သင့်ပါတယ်…

ဝိနည်းနှင့်ညီသော ဘုန်းကြီးကျောင်းများကို သာသနာ့နယ်မြေတစ်ခု
သတ်မှတ်ပေးရေးမှာ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးများအတွက် လုပ်သင့်
လုပ်ထိုက်သော ကိစ္စတစ်ခုဖြစ်ပါတယ်