Pages

Saturday, September 29, 2012

ဝေဖန်မည်ဆိုရင် ကွန် ပြူတာနားမှာ မှန်ကြီးကြီးတစ်ချပ် ထောင်ထားပြီးမှ ဝေဖန်ပါ

ရေးသူ-ဒီမိုဖက်တီး

မျက်ပေါက်ကျဉ်းသူများ ၊ ဦးနှောက်ကျုံ့နေသူများကတော့ ဒေါ်စု အမေရိက ကို လည်လည်သွား တယ်လို့ပဲ မြင်ကြမှာပါ ။

မျက်လုံးပြူးပြီး ဦးနှောက်ကြီးသူများကတော့ ..... မြန်မာဆိုတာ ဘယ်သူ ၊ မြန်မာဆိုတာ ဘယ်လောက်အထိ စွမ်းပကားရှိတယ် ၊ မြန်မာတွေ အခု ဘာလိုနေတယ် ၊ မြန်မာကို ဘယ်လို ဘယ်နည်း ကူညီကြပါ ဆိုပြီး တစ်ကျောင်းဝင် တစ်ကျောင်း ထွက် ရှင်းပြနေတာ .....

တစ်မြို့ဝင် တစ်မြို့ထွက်ပြီး အမေရိကမှာ နေသာထိုင်သာရှိနေကြတဲ့ မြန်မာ
များကို တိုင်းပြည် ကို လှည့်ကြည့်ဖို့ ၊ ညီညွှတ်ဖို့ ၊ မြန်မာယဉ်ကျေးမှုကို မမေ့ဖို့ လိုက်ပြီး တရား ချနေတာလို့ မြင်ကြမှာ မလွဲပါ။

၁၉၉၆ ခုနှစ်က နောက်ဆုံးတွေ့ဆုံခဲ့ပြီး နောက်ပိုင်း (၁၈)နှစ်လုံးလုံး မတွေ့ရသေးတဲ့ သားကြီးရဲ့ ပါးလေးကိုတောင် ပြေးနမ်းဖို့ အချိန်မတွေ့ သေးပါဘူး .....

ဝေဖန်မည်ဆိုရင် ကွန် ပြူတာနားမှာ မှန်ကြီးကြီးတစ်ချပ် ထောင်ထားပြီးမှ ဝေဖန်ပါ ...

ဒီမိုဖက်တီး.

















                                    ဓာတ်ပုံများကို ခွန်ဒီးယမ်(Facebook) မှ ကျေးဇူးပြုသည်။