Pages

Friday, September 7, 2012

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် အသစ်ခန့်အပ်လိုက်သော ပြည်ထောင်စု ၀န်ကြီးများကို နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်

Friday, 07 September 2012 15:13
ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် အသစ်ခန့်အပ်လိုက်သော ပြည်ထောင်စု ၀န်ကြီးများ စာရင်းကို ယနေ့ (စက်တင်ဘာလ ၇ရက်) မွန်းလွဲပိုင်းအချိန်က နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။
အဆိုပါထုတ်ပြန်ကြေညာချက်အရ ပြောင်းလဲတာဝန် ပေးအပ်လိုက်သော ပြည်ထောင်စု ၀န်ကြီးများ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁ - ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး - ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်
၂ - ပြည်ထောင်စု စာရင်း စစ်ချုပ် - ဦးသိန်းထိုက်
၃ - ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး - ဦးအေးမြင့်ကြူ
၎ - ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး - ဗိုလ်ချုပ်ဇေယျာအောင်
၅ - သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး -  ဒေါက်တာမြင့်အောင်
၆ - ဆောက်လုပ်ရေးဝန်ကြီးဌာန - ဦးကျော်လွင်
၇ - ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန -  ဦးဝင်းရှိန်
၈ - အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန - ဒေါက်တာကံဇော်
၉ - အလုပ်သမားဝန်ကြီးဌာန - ဦးမောင်မြင့်
၁၀ - လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး - ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်
၁၁ - သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး - ဒေါက်တာကိုကိုဦး
၁၂ - ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး - ဦးဌေးအောင်
၁၃ - နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး - ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး
၁၄ - လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး - ဦးခင်မောင်စိုး
အထက်ပါ ပြည်ထောင်စုဝန်ကြီးများအပြင် သမ္မတရုံး ၀န်ကြီးဌာန၌လည်း ဦးသိန်းညွန့်အား သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊  ဦးစိုးမောင်အား သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးစိုးသိန်းအား  သမ္မတရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ဦးအောင်မင်းအား သမ္မတရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးတင်နိုင်သိန်းအား သမ္မတရုံးဝန်ကြီးဌာန (၅) ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊  ဦးလှထွန်းအား သမ္မတရုံးဝန်ကြီးဌာန (၆) ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း အသီးသီး တာဝန်ပေးအပ်လိုက် ကြောင်း သိရပါသည်။
ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးဌာနများနှင့် ပြည်ထောင်စုဝန်ကြီး စာရင်းများ
(၁) ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး -ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်
(၂) ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး - ဒုတိယ ဗိုလ်ချူပ်ကြီး ကိုကို
(၃) နယ်စပ်ရေးရာ ၀န်ကြီးဌာန - ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေး
(၄) နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး - ဦးဝဏ္ဏမောင်လွင်
(၅) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီး- ဒေါက်တာ မြတ်မြတ်အုန်းခင်
(၆) ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး - ဦးအောင်ကြည်
(၇) ယဉ်ကျေးမှု ၀န်ကြီးဌာန ၀န်ကြီး- ဦးအေးမြင့်ကြူ
(၈) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး - ဦးမြင့်လှိုင်
(၉) သစ်တောဝန်ကြီးဌာန ၀န်ကြီး - ဦးဝင်းထွန်း
(၁၀) ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန ၀န်ကြီး - ဦးဝင်းရှိန်
(၁၁) ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီး - ဦးကျော်လွင်
(၁၂) အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၀န်ကြီး- ဒေါက်တာ ကံဇော်
(၁၃) မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီး - ဦးအုန်းမြင့်
(၁၄) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး - ဦးဝင်းမြင့်
(၁၅) ဆက်သွယ်ရေးနှင့်ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး - ဦးသိန်းထွန်း
(၁၆) အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး- ဦးမောင်မြင့်
(၁၇) သတ္ထုတွင်း ၀န်ကြီးဌာန ၀န်ကြီး - ဒေါက်တာ မြင့်အောင်
(၁၈) သမ၀ါယမ၀န်ကြီးဌာန ၀န်ကြီး - ဦးကျော်ဆန်း
(၁၉) ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး - ဦးညဏ်ထွန်းအောင်
(၂၀) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၀န်ကြီး- ဦးဌေးအောင်
(၂၁) အားကစားဝန်ကြီးဌာန ၀န်ကြီး -ဦးတင့်ဆန်း
(၂၂) စက်မှုဝန်ကြီးဌာန ၀န်ကြီး - ဦးအေးမြင့်
(၂၃) ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး - ဗိုလ်ချုပ် ဇေယျာအောင်
(၂၄) စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး - ဦးသန်းဋ္ဌေး
(၂၅) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး - ဦးခင်မောင်စိုး
(၂၆) ပညာရေးဝန်ကြီးဌာန ၀န်ကြီး - ဒေါက်တာမြအေး
(၂၇) ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး - ဒေါက်တာဖေသက်ခင်
(၂၈) သာသနာရေးဝန်ကြီးဌာန ၀န်ကြီး - သူရဦးမြင့်မောင်
(၂၉) သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန ၀န်ကြီး - ဒေါက်တာ ကိုကိုဦး
(၃၀) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး- ဦးခင်ရီ
(၃၁) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၁) - ဦးသိန်းညွန့်
(၃၂) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၂) - ဦးစိုးမောင်
(၃၃) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၃) - ဦးစိုးသိန်း
(၃၄) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၄)- ဦးအောင်မင်း
(၃၅) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၅)- ဦးလှထွန်း
(၃၆) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၆) - ဦးတင်နိုင်သိန်း
(၃၇) ပြည်ထောင်စု စာရင်းစစ်ချုပ် - ဦးသိန်းထိုက်