Pages

Sunday, September 30, 2012

လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှ သဘာဝ ကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲကို ယနေ့ စက်တင်ဘာ ၃၀ နံနက် ၉ နာရီတွင် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ၌ ပြုလုပ်


Photo-Aung NAy Myo  လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝ နှီးနော်ဖလှယ်ပွဲကျင်းပနေစဉ်


လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှ သဘာဝ ကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲကို ယနေ့ စက်တင်ဘာ ၃၀ နံနက် ၉ နာရီတွင် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ၌ ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ စီမံကိန်းဧရိယာအတွင်းရှိ ၀က်မှေးကျေးရွာမှ မသွဲ့သွဲ့ဝင်း၊ ကြေးနီစီမံကိန်းတွင် တာဝန်ထမ်း ဆောင်ခဲ့ဖူးသော စီမံကိန်းအင်ဂျင်နီယာ ဦးအောင်ကျော်စံ၊ မြစိမ်းရောင်ကွန်ရက်မှ ဒေါ်ဒေ၀ီသန့်စင်၊ Eco.Dev မှ ဒါရိုက်တာ ဦးဝင်းမျိုးသူ စသည်တို့ အပါအ၀င် ဒေသခံများ၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများက စီမံကိန်းနှင့်ပတ်သက်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။

မုံရွာဒေသခံ ကဗျာဆရာကြီးဥိးအံ့မောင်က ဒေသ၏ခံစားမှုများအားရှင်းလင်းပြောကြားနေစဉ်....၊


"The Innovative'' မှအမှုဆောင်ဒါရိုက်တာ ဦးဇော်မျိုးအောင်က လူ့အခွင့်အရေးရှုဒေါင့်မှဆွေးနွေးနေစဉ်....၊

ရှေ့နေများကွန်ယက်မှ ရှေ့နေကြီးဦးကြီးမြင့်က ဥပဒေရေးရာရငထောင့်မှရှင်းလင်းပြောကြားနေစဉ်...




Eco Dex.မှဦးဝင်းမျိုးသူက လယ်ယာကဏ္ဍနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများအားရှင်းလင်းပြောကြားနေစဉ်...၊


ဆည်တည်းကျေးရွာ အောင်မြေမြင်သာကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒန္တ နန္ဒာစာရ က လယ်တီဆရာတော်ဘုရာကြီး၏ အမွေအနှစ်များနှင့်ပတ်သက်၍ ရှင်းလင်းမိန့်ကြားနေစဉ်....၊


ကြေးနီစီမံကိန်းတွင်တာဝန်ထမ်းဆောင်ခဲ့ဖူးသော စီမံကိန်းအင်ဂျင်နီယာ ကိုအောင်ကျော်ဇံ ကအတွေ့အကြုံများပြောကြားနေစဉ်...၊
ဝက်မှေးကျေးရွာမှ မသွဲ့သွဲ့အေးက လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲများအား ရှင်းလင်းပြောကြားနေစဉ်...

စက်တင်ဘာလ၊(၃၀)ရက်နံနက်ပိုင်းက ရန်ကုန်တော်ဝင်နှင်းဆီခန်းမ၌ကျင်းပခဲ့သည့် လက်ပံတောင်းတောင်နှင့်ချင်းတွင်းအလှသဘာဝ ကာကွယ်ထိန်းသိမ်းရေးနှီးနှောဖလှယ်ပွဲသို့တက်ရောက်လာကြသူများ....၊


မြန့်မာအစိမ်းရောင်ကွန်ယက်မှဒေါ်ဒေ၀ီသန့်ဇင်က သဘာဝပတ်ဝန်းကျင်အခြေအနေများရှင်းလင်းပြောကြားနေစဉ်...၊
ကြေးနီစီမံကိန်းနှစ်ခုလုံးတွင်ရေနှင့်မြေစစ်ဆေးမှုပြုလုပ်ခဲ့သော အစိမ်းရောင်ကွန်ယက်မှ ဒေါ်လေးဒေ၀ီသန့်စင်ကလည်း "စိုက်ပျိုးလို့ရတဲ့မြေတွေအပေါ်မှာ ကြေးနီဓာတ်ပါဝင်မှုများတဲ့မြေတွေပုံနေတာကြာရှည်ဆိုရင်
 မြေဆီလွှာထိ ခိုက်ပျက်စီးနိုင်တယ်လို စစ်ဆေးတဲ့သူတွေကပြောပါတယ် လက်ရှိမှာလဲ စံပယ်တောင်ကြေးစင်တောင် စီမံကိန်းနားမှာရှိတဲ့ကံကုန်းရွာအရှေ့ အနောက်တောင်မြောက်မှာရှိတဲ့မြေအောက်ရေကိုစစ်ဆေးရာတွင်လဲ ရေတွေပျက်စီးပြီးသုံးလို့ 
မရတဲ့အဖြေတွေထွက်နေတယ်လို မန္တလေးကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်"ဟု ပြောသည်။

ကံကုန်းကျေးရွာမှ ဦးတင်အောင်စိုးက ကြေးနီစီမံကိန်းကြောင့် ရွာနှင့်ယာခင်းများပျက်ဆီးသွားပုံကိုရှင်းလင်းပြောကြားနေစဉ်....၊

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ တောင်သူလယ်သမားရေးရာတာဝန်ခံ ကိုထွန်းမြင့်အောင်က နှီးနှောဖလှယ်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြစဉ်...
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်က ကျေးဇူးတင်စကားနှင့် နိဂုံးချုပ်စကားပြောကြားနေစဉ်....၊
ပြဿနာများကိုလိုက်လံဖြေရှင်းနေရာမှ နိုင်ငံအတွက်အရေးကြီးသော အပြောင်းအလဲကို အာရုံတွေလစ်ဟင်းသွားမည်ကိုစိုးရိမ်မိကြောင်း ၈၈ မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်ကို မင်းကိုနိုင်ကယနေ့ပြုလုပ်သောလက်ပန်းတောင်တောင်ကာကွယ်ထိန်းသိန်းရေးနှီးနှောဖလှယ်ပွဲ
မှာပြောကြားသည်။
“လက်ပန်းတောင်းတောင်စီမံကိန်းတစ်ခုထဲတင်မကပါဘူး။ ကျွန်တော်တို့ နောက်ထပ်နောက်ထပ်တပြည်လုံးမှာ ပြဿနာတွေများစွာလိုက်ရှင်းနေရတာနဲ့ 

တကယ်တကယ်အရေးကြီးတဲ့ပြောင်းအလဲကို ကျွန်တော်တို့ အာရုံ လစ်ဟင်းသွားမှာကိုလဲအင်မတန်မှစိုးရိမ်ပါတယ်။ ဆန်စင်ရာကျည်ပွေ့လိုက်သလို့ လိုက်ရင်းနဲ့ ကျွန်တော်တို့ အားလုံရဲ့ အားတွေအချိန်တွေကို
အဲဒီမှာဖြုန်တီးလိုက်ရတာမျိုးမဖြစ်ရအောင်ဗျူဟာကျကျစဉ်းစားရပါမယ်” ဟုကိုမင်းကိုနိုင်ကပြောသွားခဲ့သည်
သို့ သော်အရင်အစိုးရကလက်ထက်က တိုးတိုးတိတ်တိတ်လက်မှတ်ထိုးထားတဲ့ကိစ္စတွေကို ပြည်သူတွေက

 ခေါင်းငုံ့ခံမှာမဟုတ်သလို နောင်ပြုလုပ်မဲ့စီမံကိန်းများကို ယခုမှစ၍အများပြည်သူကိုပွင့်လင်းမြင်သာစွာချပြရန် ကိုမင်းကိုနိုင်ကတောင်းဆိုသွားခဲ့သည်။
သတင်းနှင့်ဓာတ်ပုံ-88 Generation Students
=================================================================
နောက်ဆက်တွဲသတင်း
လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝ နှီးနော်ဖလှယ်ပွဲတွင် တက်ရောက်လာသည့် ၀မ်ပေါင်ကုမ္မဏီမှ တက်ရောက်လာသည့် တရုတ်သည် အခမ်းအနားအစီအစဉ်ကျင်းနေသည့်ကြားက မီဒီယာများကို ချောင်တွင်ခေါ်ပြီ သတင်းစားရှင်းလင်းပွဲအတင်းပြုလုပ်ခြင်း၊ စာရွက်စာတမ်းများ ဝေငှခြင်းများ အတင်းပြုလုပ်နေသည့် တရုတ်ကလေးပါ



လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝ နှီးနော်ဖလှယ်ပွဲတွင် တက်ရောက်လာသည့် ၀မ်ပေါင်ကုမ္မဏီမှ တက်ရောက်လာသည့် တရုတ်သည် အခမ်းအနားအစီအစဉ်ကျင်းနေသည့်ကြားက မီဒီယာများကို ချောင်တွင်ခေါ်ပြီ သတင်းစားရှင်းလင်းပွဲအတင်းပြုလုပ်ခြင်း၊ စာရွက်စာတမ်းများ ဝေငှခြင်းများ ပြုနေသဖြင့် အခမ်းအနားအစီအစဉ်နောက်ဆုံးတွင် မီဒီယာများနှင့် အမေးအဖြေကျမှ ပြုလုပ်ရန် ရှင်းပြနေရခြင်း

ကြေးနီတောငိစီမံကိန်းနဲ့ပတ်သက်ပြီး တက်ရောက်လာသည့် သတင်းထောက်များကို ဦးပိုင်ကုမ္ပဏီမှ ဆိုနီကင်မရာများ ပေးပြီးလဒ်ထိုးပါသည်။
ဓာတ်ပုံ- ကေခိုင်ကျော် (DVB)