Pages

Sunday, September 16, 2012

ဒေါ်အောင်ဆန်းစုကြည် လော့စ်အိန်ဂျလိစ် ခရီးစဉ်အတွက် ကြေညာ

 
နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်သည် ယခုနှစ် စက်တင်ဘာလ ဒုတိယအပတ် တွင် အထင်ကရဆုများဖြစ်သော Atlantic Global Citizen Award နှင့် Congressional Gold Medal တို့ ကို လက်ခံ ရယူ ရန်အတွက် အမေရိကန်ပြည်ထောင်စုသို့  ရောက်ရှိလာမည် ဖြစ်ပါသည်။

တောင်ပိုင်းကယ်လီဖိုးနီးယားနှင့် အနီးအနားရှိပြည်နယ်များဖြစ်သော Arizona နှင့် Nevada ပြည်နယ်များ၌နေထိုင်ကြသော မြန်မာ လူထုနှင့်

ရင်းနှီးစွာ တွေ့ ဆုံရန် ဒေါ်အောင်ဆန်းစုကြည် က အချိန်ပေး၍ တွေ့ ဆုံပွဲကို အောက်တိုဘာလ ၂ရက်နေ့ တွင် Los Angeles မြို့ တွင် ကျင်းပမည်ဖြစ်ပါသည်။

မြန်မာပြည်ဖွားလူမျိုးစုများ၊ ဘာသာရေးအဖွဲ့ အစီးများ၊ လူမှုရေး၊ အသက်မွေးဝမ်းကျောင်းပညာရှင် အဖွဲ့ အစည်းများ၊ မျိုးချစ်မြန်မာများ က စည်းလုံး ညီညွတ် စွာဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ဆုံပွဲကို ခမ်းနားစွာ ကျင်းပနိုင်ရန် ဆပ်ကော်မီတီများဖြင့် ဖွဲ့ စီးထားသော ကော်မီတီတခုကို ဖွဲ့ စည်းခဲ့ပါသည်။

ထိုဆပ်ကော်မီတီအသီးသီးမှာ အစီအစဉ်အသေးစိပ်များကို လုပ်ကိုင်နေကြရာ အစီအစဉ်အသေးစိပ်များကို လူကြီးမင်းများထံ အချိန်မှီ တင်ပြသွားမည်ဖြစ်ပါသည်။

ထိုတွေ့ ဆုံပွဲအခမ်းအနားသို့  ပါဝင်တက်ရောက်ကြရန် မြန်မာပြည်ဖွားပြည်သူအားလုံးကို အခမ်းအနား ဖြစ်မြောက်ရေးကော်မီတီက လေးစားစွာ ဖိတ်ခေါ်အပ်ပါ သည်။ ပြန်ကြားရေးဆပ်ကော်မီတီမှ သတင်းထုတ်ပြန်ချက်များ၊ ကြေညာချက်များကို သတင်းဌာနများ၊ ကော်မီတီ၊ website/Facebook/ twitter များမှတဆင့် ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ပါသဖြင့် ထိုနေရာများသို့ ဝင်ရောက် ကြည့်ရှု့ ကြရန်နှင့် အခြားအသိမိတ်ဆွေများကို တဆင့်လက်ဆင့်ကမ်း သတင်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

မိမိတို့ အား အောက်ပါ email ဖြင့်သော်လည်းကောင်း၊ ဖုံးဖြင့်သော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Email: assklatour@gmail.com or visit: www.dasskvisitla.com

အခမ်းအနားဖြစ်မြောက်ရေးကော်မီတီကိုယ်စား
သတင်းနှင့်ပြန်ကြားရေးကော်မီတီ
http://dasskvisitla.org/